မဂၤလာဦးမွာ

လရောင်ကျူးရင့်

900 Kyats ကျပ်
သားထူး (သို့မဟုတ်) သားမြတ် လို့ခေါ်ကြတဲ့ အမည်အရင်း သားထူးသားမြတ်။ မိဘညီအကို ပတ်ဝန်းကျင်အသိုင်းအဝိုင်းက အလေးအမြတ်ထားခံရတဲ့ ခေတ်ပညာတတ် လူငယ်တစ်ယောက်။ ဒါပေမယ့် တောနေတောဖွား တောမှာပဲ လယ်ယာလုပ်ကိုင် စားတဲ့ တောသားပါ။ ရိုးသားတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ခပ်ဘွင်းဘွင်းပဲ လောကကြီးကို ရှုမြင်တယ်။ ဆုထူးပန်ဆိုတာက မြို့ပေါ်က အပျံစားအလန်းဇယား ခပ်ဟော့ဟော့မြို့သူ။ လွတ်လပ်တယ်။ ကျွတ်ဆပ်ဆပ်နိုင်တယ်။ ဒီလိုလူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဘယ်သူဘယ်ဝါရယ် မသိသေးခင် ဆုံဖြစ်ကြတော့ ဘုနဲ့ဘောက်ဖြစ်တာ မဆန်းပါဘူး။ ဒါပေမယ့် လောကကြီးကတော့ ဆန်းကြယ်တယ်မဟုတ်လား။ သူတို့နှစ်ယောက်ဟာ နတ်ရွေးတဲ့ဖူးစာလို့ ဆိုရမလားပဲ။ အိမ်ထောင်ယာဖက် ကြင်ဖက်သက်လျာတွေ ဖြစ်ဖို့ကြုံလာတယ်။ ဒီအခြေအနေမှာပဲ ဆုထူးပန်အတွက် ဂျင်မ်လို့ခေါ်တဲ့ သူတစ်ဦးကလည်း ရှိနေပြန်တယ်။ သို့ကလိုနဲ့ မင်္ဂလာဦးမှာ ဘာတွေဖြစ်လာကြသလဲဆိုတာ ဇာတ်ကွက်ခပ်စိပ်စိပ်နဲ့ ရယ်ရင်းဟားရင်း ဒီဝတ္ထုမှာ တွေ့ရမှာပါ။ ဆယ်ကျော်သက်အရွယ်တွေတင် နှစ်ခြိုက်ကြမယ့် ချစ်ကြိုက်ကွဲညား ရိုးရိုးသာမဟုတ်ဘဲ တစ်ခေတ်တစ်ခါက ဂီတစာဆိုမောင်ကြေးမုံတို့၊ ယနေ့ပုဏ္ဍကတို့ရဲ့ ကက်ဆက်ဇာတ်လမ်းတွေထဲက အသောအထေ့တွေနဲ့ ကြီးပြင်းခဲ့ကြတဲ့ ယနေ့ အသက် ၃ဝ ကျော်၊ ၄ဝ တန်းတွေအတွက်ပါ ငယ်ဘဝက အရသာကို ပြန်လွမ်းရပါလိမ့်မယ်။