ဒီကောင်မလေး

လရောင်ကျူးရင့်

900 Kyats ကျပ်
စာအုပ်နာမည်က ဒီကောင်မလေး ဆိုတဲ့အတိုင်း ‘သာသာ’ ကတော့ တကယ်စံတင်လောက်တဲ့ ကောင်မလေးပါပဲ။ မိန်းကလေးဆိုပြီး ငြိမ်ငြိမ်နေတတ်တဲ့သူတော့မဟုတ်ဘူး။ အပျိုပေါက်အရွယ်ရောက်နေပေမယ့် ကလေးတစ်ယောက်လို ဆော့ကောင်းတုန်း။ အဲဒီ့မိန်းကလေးကိုမှ အစ်မဖြစ်သူရဲ့ ယောက်ျားနဲ့ လက်ထပ်ပေးဖို့ မိဘတွေကစီစဉ်ထားသတဲ့။ ထူးတော့ ထူးထူးဆန်းဆန်းပဲ။ "သာသာ" နဲ့ လက်ဆက်ဖို့ စီစဉ်ထားသူက ဘယ်လိုလူမျိုးလဲ။ ဘာဖြစ်လို့ အမဖြစ်သူရဲ့ ယောက်ျားနဲ့ လက်ထပ်ပေးဖို့ စီစဉ်ရတာလဲ။ ကလေးဆန်ပြီး ဂျစ်ကန်ကန်နေတတ်တဲ့ သာသာကရော လက်ခံပါ့မလားဆိုတာကိုတော့ ဒီစာအုပ်လေးထဲမှာ ဖတ်ရှု ခံစားကြည့်လိုက်ပါဦး။ နည်းနည်းဆန်းတဲ့ ဇာတ်လမ်းမို့ တင်ဆက်လိုက်ပါတယ်နော် !