ဆုတောင်းကောင်းနဲ့လာတဲ့သူ

လရောင်ကျူးရင့်

900 Kyats ကျပ်
မိဘမဲ့ ညီအစ်ကို နှစ်ယောက်။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ ညီအစ်ကိုအရင်းတွေပေမဲ့ ရုပ်ရည်နဲ့ အမူအကျင့်ကို ကြည့်လိုက်ရင် ဘုရားစူး ညီအစ်ကိုလို့ ပြောရမှာပဲ။ တစ်စက်ကလေးမှ မတူတာ။ အစ်ကိုဖြစ်တဲ့ သူရက အသားမဲမဲ၊ ထောင်ထောင်မောင်းမောင်း၊ ဗလကောင်းကောင်း။ ညီဖြစ်တဲ့ ချမ်းညကတော့ လူပုံ ဖြူဖြူနွဲ့နွဲ့၊ အရပ်ရှည်ရှည်၊ ပိန်သွယ်သွယ်။ လူချင်း မတူသလို စိတ်ချင်းကလည်း တခြားစီ။ သူရက စိတ်ထက်တယ်၊ သွက်တယ်၊ လျင်တယ်၊ ပါးနပ်တယ်။ ဒါကြောင့်လည်း ကြုံရာ လုပ်ကိုင်စားသောက်ရင်း လူဆိုးသူခိုးလေး ဖြစ်လာခဲ့တာ။ ညီငယ်ချမ်းညကျ အစ်ကိုဖြစ်သူ ခိုးဝှက် လုယက်လာသမျှကို အိမ်မှာ ဇိမ်ကျကျထိုင်စား၊ အလုပ်ကို လက်ကြောမတင်း။ သူ့စိတ်မှာ ကြံစည်နေတာက သက်သောင့်သက်သာနဲ့ ကြီးပွားဖို့၊ ဦးနှောက်သုံးပြီး ငွေရှာဖို့။ အဲဒီတစ်နေ့မှာတော့ သူရရဲ့ ဖောက်ထွင်းမှုတစ်ခုကို လူမိသွားပြီး ညီအစ်ကိုနှစ်ယောက် ရွာကနေ ခြေဦးတည့်ရာ ပြေးကြရပါတော့တယ်။ ဒီလိုနဲ့ ခြေဦးတည့်ရာ သွားရင်း ညီအစ်ကိုနှစ်ယောက် ‘ယောမင်းကြီးအိမ်တော်’ ဆိုတဲ့ ကျိကျိတက်ချမ်းသာတဲ့ အိမ်ကြီးတစ်အိမ်ဆီ ရောက်သွားတဲ့အခါ …