ကျွန်တော့်ရဲ့ရှီ

လရောင်ကျူးရင့်

900 Kyats ကျပ်
❤ 'တြိဂံ' စံအိမ်ကြီးကို ဆက်ဆံခွင့်ရှိတဲ့ နောက်ဆုံးမျိုးဆက် 'ကမ္ဘာ' ။ သူတို့မျိုးဆက်ထဲမှာ သွေးသားရင်းဆိုလို့ သူ့ ဦးလေး၊ အဒေါ်နဲ့ သူ သုံးယောက်ပဲ ကျန်တော့တယ်။ တခြားဆွေမကင်းမျိုး မကင်းတွေရှိပေမယ့် မကောင်းတဲ့စိတ်တွေနဲ့ ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားလာကြလို့ ဦးလေးနဲ့ အဒေါ်က 'ကမ္ဘာ' ကိုအိမ်ထောင်ချပေးပြီး ပိုင်ဆိုင်သမျှ အကုန်လွှဲပေးဖို့ စီစဉ်တယ်။ ကမ္ဘာနဲ့ အိမ်ထောင်ချပေးမယ့်သူက ‘ဂုဏ်မြင့်သူ’ ... တက်သစ်စမော်ဒယ်။ သူတို့နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားပုံမပေါ်ကြ။ ❤ ဒီလိုနဲ့ သူတို့နှစ်ယောက်ကို တွေ့ပေးဖို့ လူကြီးတွေ စီစဉ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် မတွေ့ ဖူးကြတဲ့ 'ကမ္ဘာ' နဲ့ ‘ဂုဏ်မြင့်သူ’။ တွေ့ဖို့ လူကြီးတွေ စီစဉ်ထားပေးတဲ့ နေရာကို ‘ဂုဏ်မြင့်သူ’ တစ်ယောက်မလာဘဲ ‘သူမ’ ဆိုတဲ့ မလည်မဝယ် ကောင်မလေးနဲ့ အစားထိုးတွေ့ခိုင်းလိုက်တယ်။ အဲဒီနောက်မှာ ဘယ်လိုပုံစံမျိုးနဲ့ ထင်မထားမိတဲ့ ဇာတ်လမ်း အလှည့်အပြောင်းတွေက စာဖတ်သူကို ဖမ်းစားထားမလဲ ဆိုတာကတော့ ... "သူမကို မိဘမဲ့တစ်ကောင်ကြွက်ဆိုပြီး ရှင် အရမ်း အထင်သေးလွန်းတယ် ကမ္ဘာ … ၊ ကြိမ်စကြာနဲ့ ရိုက်ခေါ်လို့ ရှေ့မှာ ဒူးတုပ်လျက် ဘွားခနဲ ပေါ်လာတာမျိုးကို လိုချင်နေတာ၊ ရှင်လဲ ရာဇဝင်ထဲက ဘုန်းကံကြီးမားတဲ့ ဘုရင်တစ်ပါး မဟုတ်သလို သူမကလဲ ရှင့်ရဲ့ကျေးကျွန် မဟုတ်ဘူး" (သူမ) ကဲ ... ဘယ်လောက်ကောင်းမလဲဆိုတာ ဖတ်သာကြည့်တော့ဗျို့ !