ကိုးနာရီ ကိုးမိနစ် ကိုးစက္ကန့်

လရောင်ကျူးရင့်

900 Kyats ကျပ်
ဒီဝတ္ထုက "အချစ်သည်" ရဲ့ ပထမပိုင်းဝတ္ထုလေးပါ။ "အချစ်သည်" ကိုဖတ်မယ်လို့ အားခဲထားတယ်ဆိုရင်တော့ ဒီဝတ္ထုကို အရင်ဖတ်ကြည့်ဖို့ ပြောချင်ပါတယ်နော်။ အချစ်ကို ရူးရူးမူးမူး ယုံကြည်ခဲ့ပြီး ကိုယ်သိပ်ချစ်ပါတယ်ဆိုတဲ့သူရဲ့ ရက်ရက်စက်စက် သတ်တာကို ခံခဲ့ရတဲ့ "ဖြူ"။"နွေမွန်းတည့်" က သိပ်ချစ်တတ်ပေမဲ့ သူသိပ်ချစ်တဲ့သူတိုင်းရဲ့ အဆုံးသတ်က သူ့ရဲ့သွေးအေးစွာ သတ်ဖြတ်ခြင်းနဲ့ပါပဲ။ အဲဒီလိုနဲ့ သူ့ဆီကို နောက်ဆုံးမှာ ဝင်ရောက်လာသူကတော့ "ကာရံ" ပါပဲ။ ကာရံနဲ့ ဆုံတွေ့ရချိန်မှာရော နွေမွန်းတည့် ရဲ့ သွေးအေးရက်စက်မှုတွေ ပြောင်းလဲသွားမှာလား? သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ ဝတ္ထုဖြစ်လို့ ဖတ်ကြည့်ကြပါဦးနော် !