ရည်းစားထားတဲ့ဂိမ်း

လူနေ

600 Kyats ကျပ်
ရည်းစားထားတဲ့ GAME ဆိုတဲ့ နာမည်လေးက စိတ်ဝင်စားစရာကောင်းသလို ရိုးရိုးလေးနဲ့ လှတယ်မဟုတ်လား။ မှန်ပါတယ်။ ဒီစာအုပ်က ဆရာလူနေရဲ့ နာမည်ကျော် စာအုပ်တစ်အုပ်ပါပဲ။ ဗွီဒီယိုခေတ်မှာတုန်းက မင်းသားမြင့်မြတ်၊ နေဒွေး၊ ညီထွဋ်ခေါင်၊ မင်းသမီး ရွှေမှုံရတီတို့နဲ့ ဒီဇာတ်လမ်းကို ဗွီဒီယိုရိုက်ကူးခဲ့ပြီး ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်လေ။ မိဘက ချမ်းသာပြည့်စုံပေမဲ့ မိဘပိုက်ဆံ လက်ဖျားနဲ့တောင်မတို့ဘဲ ကိုယ့်ပိုက်ဆံကိုယ်ရှာပြီး တက္ကသိုလ်တက်နေတဲ့ မင်းချမ်းငြိမ်၊ သူက တစ်ခါတစ်လေ ပေါက်ပေါက်ရှာရှာတွေ ထလုပ်တတ်တဲ့ အကျင့်ရှိသလို လူချစ်လူခင်လည်း ပေါများတဲ့ ကောင်လေးတစ်ယောက်။ တစ်နေ့မှာတော့ ကျောင်းမဂ္ဂဇင်းမှာ ပါလာတဲ့ ကဗျာတစ်ပုဒ်အကြောင်း တက္ကသိုလ်ထဲမှာ လျှို့ဝှက်ကိစ္စတစ်ခုအနေနဲ့ ပျံ့နှံ့လာပြီး အဲဒီသတင်းဟာ မင်းချမ်းငြိမ် နားထဲ ရောက်လာခဲ့တယ်။ ကဗျာနာမည်က … ရည်းစားထားတဲ့ ဂိမ်း။ ပိုက်ဆံရမယ့် ပဟေဠိတစ်ပုဒ်ဆိုတာနဲ့တင် ဒီကိစ္စကို မင်းချမ်းငြိမ် စိတ်ဝင်စားသွားတယ်။ ဒီနောက်မှာတော့ ရည်းစားထားတဲ့ဂိမ်းထဲ ၀င်ရောက်ပတ်သက်မိတဲ့ မင်းချမ်းငြိမ်တစ်ယောက် ဘယ်လို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားပွဲတစ်ခုကို ကြုံဆုံရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။