ပါဆယ်

လူနေ

600 Kyats ကျပ်
ဒီစာအုပ်က ရယ်ရတယ်။ စ,ဖတ်ကတည်းက ရယ်ရတာ။ ရယ်ရတာ ဆိုလို့ ဟာသ စာအုပ် မဟုတ်ပါဘူးနော်။ သိတဲ့အတိုင်းပဲ၊ လူနေဆိုမှတော့ ထူးထူးဆန်းဆန်းတွေက ပါစမြဲပဲ။ ဒီ ဝတ္ထုမှာတော့ ‘ပုလဲသီး’ လည်းဖြစ်၊ ‘ချာလီချက်ပလင်’ နာမည်လည်း ရထားတဲ့ ‘ထွဋ်မြတ်’ တယောက်၊ သူ မသိတဲ့ လူသုံးယောက်က သူ့ဆီ လာပြီး သူတို့ ညီမလေးကို စိတ်ဆိုးပြေပါတော့လို့ ကိုယ်စား လာတောင်းပန်နေကြတဲ့ ဖြစ်ပုံနဲ့ စတင်ထားတယ်။ ထွဋ်မြတ်တစ်ကောင်၊ ကျောင်းမှာ နာမည်ကြီးနေပုံကတော့ သူ့ကိုယ်သူ ရည်းစားရလို့ ရနေမှန်း မသိလိုက်တဲ့ အဲ့ဒီ ကိစ္စပဲ။ သူငယ်ချင်းတွေ ပြောမှ သူ ရည်းစားရနေတယ် ဆိုတာကို သိရတာ ဆိုတော့ တွေးသာကြည့်တော့။ တော်တော်လည်း အူကြောင်ကြောင်နိုင်တယ်လို့ ထင်စရာပဲနော်။ ခက်တာက၊ ကောင်မလေးဟာ ပဟေဠိဆန်ဆန် ဖြစ်နေတယ်။ နာမည်က ‘အိချိုမိုးမြင့်’ တဲ့။ သူ့ရဲ့ ရည်းစားက ထွဋ်မြတ်ပါ ဆိုပြီး ပြောထားတာ တစ်ကျောင်းလုံး ပျံ့နေပါပြီ။ ဟိုသကောင့်သားမှာတော့ မျက်စိသူငယ် နားသူငယ်နဲပေါ့။ ကဲ၊ လူနေက ဘယ်လိုတွေ လှည့်ထားမလဲ ဆိုတာ လူငယ်ဆန်ဆန်နဲ့ ဖတ်လို့ကောင်းတဲ့ ဒီဝတ္ထုလေးကို အခုပဲ မြည်းကြည့်ပါဦးနော်။