လူတော်လူကောင်းနဲ့ လူကြီးလူကောင်း

လူထုစိန်ဝင်း

800 Kyats ကျပ်
ဒီစာအုပ်ဟာ ဆရာလူထုစိန်ဝင်းရဲ့ Hot News ဂျာနယ်မှာ ရေးခဲ့သမျှကို စုစည်းထုတ်ဝေထားတာပဲ ဖြစ်ပါတယ်။ ဆရာဟာ အောင်မြင်ကြီးပွားလိုသူတိုင်း၊ အထူးသဖြင့် လူငယ်များအတွက် ရည်ရွယ်ပြီး ‘လူကြီးလူကောင်းစိတ်ဓာတ်’ ဆိုတာကို မကြာခဏ ရေးသားခဲ့ဖူးပါတယ်။ ဒီအခါမှာ လူငယ်တွေက ‘လူကြီးလူကောင်းနဲ့ လူတော်လူကောင်း’ ဆိုတာ အတူတူပဲလားလို့ မေးတတ်ကြတယ်လို့ ဆရာက ဆိုပါတယ်။ ဒါနဲ့ ဆရာဟာ သိပ်ကို တန်ဖိုးရှိတဲ့ ‘လူတော်လူကောင်းနဲ့ လူကြီးလူကောင်း’ ဆိုတဲ့ ဆောင်းပါးကို ရေးသားခဲ့တယ်။ ဒီစာအုပ်ထဲမှာ အဆိုပါ ဆောင်းပါးအပါအဝင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် လူငယ်များအတွက် အခြားဆောင်းပါးများစွာကို တဝကြီး ဖတ်ရှုကြရမှာပါ။