တိမ္တိုက္ကၾကိဳး

လုံမ

800 Kyats ကျပ်
❤ သူ့နာမည်က 'အသွင်သစ်'။ ရုပ်လည်းချောတယ်၊ သန့်လည်းသန့်တယ်။ ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုက အရေးပါတဲ့လူ။ ဒါပေမယ့် သူ့ပုံစံကြည့်ရတာ တစ်ခုခုကို လွမ်းမောနေသလိုလိုရှိတယ်။ လှောင်အိမ်ထဲရောက်နေတဲ့ ငှက်ကလေးလိုပဲ ရွှင်ပျပျမရှိဘူး။ အဲဒီလိုဖြစ်ရတဲ့အကြောင်းအရင်းက 'မမနိုင်'။ သူချစ်ရတဲ့၊ သူလက်ထပ်ထားတဲ့ မမနိုင်။ ဘာမဆို တိတိကျကျလုပ်တယ်၊ စည်းကမ်းတင်းကျပ်လွန်းတယ်၊ ရုံးအပြန် တစ်မိနစ်ကလေး နောက်ကျရင်လည်းမကြိုက်၊ တစ်မိနစ်လောက်လေး စောပြန်လာရင်လည်း မကြိုက်တတ်ဘူး။ ❤ သူ့ရဲ့အဲဒီအကျင့်တွေကြောင့် 'အသွင်သစ်' မွန်းကျပ်လာတယ်။ အသွင်သစ်က သူ့စိတ်လွတ်လပ်မှုကိုပေးဖို့ တစ်ရက်ကို ကော်ဖီဆိုင် နာရီဝက်လောက် ထိုင်တတ်တယ်။ သူထိုင်တဲ့ ကော်ဖီဆိုင်မှာ လွတ်လွတ်လပ်လပ်ရှိလှတဲ့ 'မိုးစက်ချို' ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ဝင်တိုက်မိတဲ့အခါမှာတော့ … မွန်းကျပ်မှုတွေထဲက ရုန်းထွက်ချင်တဲ့ 'အသွင်သစ်'၊ နိုင်ထက်စီးနင်းပြုတတ်တဲ့ 'မမနိုင်' နဲ့ စိတ်ကို လွတ်လွတ်လပ်လပ်ထားတတ်တဲ့ 'မိုးစက်ချို' တို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးကို ဆရာမရဲ့အရေးအသားနဲ့ပေါင်းလိုက်တဲ့ အခါမှာ စာအုပ်ကို လက်ကမချတမ်း ဖတ်မိသွားပါလိမ့်မယ်။