ချစ်ခြင်းမှန်လျှင်

လမင်းမိုမို

800 Kyats ကျပ်
ဘဝမှာ ထင်မှတ်မထားဘဲ ကြုံတွေ့ရတဲ့ ဆန်းကြယ်မှုတွေဆိုတာ တစ်ခါတလေမှာ အကြောင်းတိုက်ဆိုင်စွာ ပေါ်လာတတ်ပါတယ်။ တချို့အရာတွေကတော့ တဒင်္ဂတွေ့ကြုံရမှုကနေ ကိုယ့်ဘဝအတွက် အရေးပါတဲ့ ထောင့်ချိုးတစ်ခု ဖြစ်လာပြန်ရော။ အဲဒီထောင့်ချိုးရာ ကိုယ့်ရင်ဘတ်ထဲက နှလုံးသားဆီကို ချိုးကွေ့လာတဲ့ ဒေါင့်ချိုးတစ်ခုဖြစ်နေရင်တော့။ ဟုတ်ပါတယ်။ ရွှေနွယ်ရိုရဲ့ဘဝမှာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အဖြစ်တစ်ခုကို ကြုံတွေ့လိုက်ရပါတယ်။ ကိုယ့်ရှေ့မှာ မိန်းမပျိုတစ်ယောက် ကားတိုက်ခံရပြီး သေဆုံးသွားချိန် သူ့ရဲ့စာလေးတစ်စောင်က ရွှေနွယ်ရိုးဆီ ရောက်ရှိလာခဲ့ပါတယ်။ မိန်းမသားချင်း ရင်နင့်ရတဲ့ အဖြစ်အပျက်တစ်ခုကို သိလိုက်ရတဲ့ ရွှေနွယ်ရိုးဟာ ဒီခံစားမှုကို အရင်းတည်ပြီးတော့ပဲ တွန်းလှန်နိုင်စွမ်းအားမဲ့တဲ့ ချစ်ခြင်းဆီသို့ ကိုယ်တိုင်ပဲ လှမ်းဝင်သွားမိတဲ့အခါ ... ။