နှလုံးသားထဲက မှော်ဆရာ

လမင်းမိုမို

800 Kyats ကျပ်
ငယ်နုစဉ်မှာချစ်မိရင် အချစ်ဆိုမှအချစ် တခြားဘာကိုမှ မစဉ်းစားဘူး။ အရူးအမူး အလူးအလဲနဲ့ အချစ်ကိုပဲ ကိုးကွယ်မိတတ်ကြတာ မဟုတ်လား။ ကြီးမှချစ်တဲ့ အချစ်ကျတော့ ဦးနှောက်အသိဉာဏ်၊ ဆင်ခြင်တုံတရားပါလာပြီ။ ချင့်ချိန်တိုင်းထွာမှုတွေ ပါလာပြီ။ ကိုယ်ဖြစ်ချင်တာကို တယူသန်လုပ်တတ်တဲ့ ခင်ညက်ညောလေးရဲ့ရင်မှာ ပထမဦးဆုံး ဖြစ်တည်လာတာကတော့ ကိုရဲ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးလည်းဖြစ်၊ အချစ်ဦးလေးလည်းဖြစ်တဲ့ ကိုရဲကို ချစ်တဲ့အချစ်နဲ့ သူက တဇွတ်ထိုးမိုက်မှာလား ? မိဘတွေသဘောတူထားတဲ့ သူဌေးသားလေးနဲ့ပဲ ဘဝကိုဖြတ်သန်းမလား ? ဒီလိုဝေခွဲရခက်မှုလေးတွေနဲ့ ဝတ္ထုလေးရဲ့အဆုံးသတ်မှာ ခင်ညက်ညောရဲ့ရွေးချယ်မှုဟာ အချစ်ဖြစ်မလား၊ ဘဝဖြစ်မလား ဆိုတာ။