လှသောမနက်ဖြန်များသို့

လမင်းမိုမို

800 Kyats ကျပ်
...မကြာခဏ ခေါင်းကိုက်တတ်တဲ့ နေဒွန်းတစ်ယောက် အဲဒီနေ့က မိဘတွေ စီစဉ်ထားတဲ့ ကိစ္စကို လက်ခံပြီးမှပဲ ရုတ်တရက် မခံမရပ်နိုင်အောင် ခေါင်းကိုက်လာတယ်။ ဒါနဲ့ပဲ အစီအစဉ်ကို ဖျက်ဖို့ မိခင်ကို တောင်းဆိုပေမဲ့ လက်မခံဘူး။ စီစဉ်ချိန်းဆိုထားပြီးသားကိစ္စ၊ မိဘကို မျက်နှာမဖျက်နဲ့ ဆိုတဲ့စကားနဲ့ပဲ နေဒွန်း ငြိမ်လိုက်ရတယ်။ အစီအစဉ်က တခြားမဟုတ်ဘူး။ မိဘချင်း သဘောတူထားတဲ့ မိန်းကလေးနဲ့ ညစာအတူ သွားစားဖို့ကိစ္စ။ ညနေကျတော့ နေဒွန်း ဥဒေါင်းပျိုဆိုတဲ့ မိန်းကလေးကို သွားခေါ်ရတယ်။ ဒီမိန်းကလေး ဓာတ်ပုံကို မြင်ကတည်းက စိတ်ဝင်စားစရာမရှိ၊ လှလည်းမလှ၊ ရုပ်လည်းမဆိုး၊ သာမန်ပုံစံပေမဲ့ နေဒွန်း စိတ်ထဲ တစ်မျိုးတော့ ခံစားရတယ်။ စိတ်ဝင်စားတာမျိုး၊ ချစ်တာမျိုး၊ ရင်ခုန်တာမျိုး မဟုတ်တဲ့ ခံစားမှုတစ်မျိုးပေါ့။ ညစာစားရင်း စကားပြောကြကတည်းက သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် သိပ်အဆင်မပြေဘူး။ အကျင့် သဘာဝ မတူကြဘူး။ ဒါပေမဲ့ ထူးဆန်းတာတစ်ခုက သူတို့နှစ်ယောက်စလုံးဟာ လက်ထပ်ဖို့ ခေါင်းညိတ်ဆုံးဖြတ်ခဲ့ကြတာပဲ။ အဲဒီနောက်မှာတော့ …