ရခဲ့သမွ်အရာရာ

လမင်းမိုမို

800 Kyats ကျပ်
သြသုတနဲ့ အသည်းတို့က သူငယ်ချင်းဘဝကနေ ချစ်သူဖြစ်ခဲ့ကြတယ် ဆိုပေမဲ့ါအရွယ်လွန်ချစ်သူတွေလို့ ဆိုရမယ်။ တကယ်တော့ အသည်းဆိုတဲ့ မိန်းကလေးက အပျိုစင်တစ်ယောက် မဟုတ်တော့ပါဘူး။ အသက် (၁၆) နှစ်မှာ မထင်မှတ်ဘဲ အိမ်ထောင်ကျခဲ့ပြီး ကလေးတစ်ယောက် ရပြီးချိန်မှ ခင်ပွန်းသည် ကွယ်လွန်ခဲ့ရှာပြီး မုဆိုးမငယ်ငယ်လေး ဖြစ်ခဲ့ရတာ။ သမီးလေး အပျိုဖြန်းအရွယ်မှာ သူငယ်ချင်းဖြစ်တဲ့ သြသုတနဲ့ နားလည်မှုတွေရှိပြီး ချစ်သူဖြစ်ခဲ့တယ်။ လက်ထပ်ဖို့ တိုင်ပင်ကြတယ်။ ဒါပေမဲ့ သူတို့အချစ်ရေးက ထင်သလောက် မလွယ်နိုင်ပါဘူး။ အသည်းရဲ့ အတိတ်တွေ၊ အသည်းရဲ့ ခံစားမှုတွေ၊ အသည်းရဲ့ အခြေအနေတွေက သြသုတရဲ့ မိသားစု အသိုင်းအဝိုင်းအကြားမှာ ဘယ်လောက်အထိ အနှောက်အယှက်ပေးနိုင်မလဲ။ ဆရာမ လမင်းမိုမိုရဲ့ လက်ရာကောင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ ဒီဇာတ်လမ်းက ကြည်နူးစရာ၊ လွမ်းဆွတ်စရာ၊ နာကျင်စရာတွေ အပြည့်ပါပဲ။ စာချစ်သူတို့အတွက်တော့ လက်ကမချနိုင်လောက်အောင် ဆွဲဆောင်အားပြင်းစေမယ့် စာအုပ်တစ်အုပ်ဆိုတာတော့ အာမခံနိုင်ပါတယ်။