စိတ္တဇခြေရာ

လမင်းမိုမို

800 Kyats ကျပ်
ဇာတ်လမ်းလေးက ဝတ္ထုနာမည်အတိုင်းပဲ ခပ်ဆန်းဆန်းပါ။ အမျိုးသမီးသီးသန့်အဆောင်တစ်ခုကို ရောက်ရှိလာတဲ့ ‘ငြိမ့်’ ဆိုတဲ့ မိန်းမပျိုလေးတစ်ယောက်ဟာ သူ အဆောင်ကို ရောက်လာလာခြင်းမှာပဲ အဆောင်နေသူ ‘ယုယ’ ဆိုတဲ့ မိန်းမပျိုလေး အဆောင်ကနေ ရုတ်တရက် ပြောင်းရွှေ့သွားတာကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီအဆောင်က တကယ့်ကို သီးသန့်ပါ။ ငြိမ့် အဆောင်ကို မရောက်ခင်အထိ အဆောင်နေသူက ယုယနဲ့ နောက်တစ်ဦးပါ။ အခု ငြိမ့် အဆောင်ကိုရောက်တော့လည်း ယုယက ပြောင်းရွှေ့သွားတာမို့ နှစ်ယောက်တည်းရယ်ပါပဲ။ ကျန်နေခဲ့တဲ့ နောက်မိန်းမပျိုတစ်ဦးကတော့ ‘သစ္စာရှင်’ လို့ ခေါ်တဲ့ အပျိုကြီးမမတစ်ယောက်ပေါ့။ သစ္စာရှင်ဟာ ဖော်ရွေတယ်၊ အဆောင်သူအချင်းချင်း သူကပဲ လိုအပ်တာတွေ လိုက်လုပ်ပေးတတ်တယ်။ သူမက လုပ်ငန်းကြီးတစ်ခုမှာ မန်နေဂျာဆိုပေမယ့် အဆောင်မှာတော့ ဘာဟိတ်ဟန်မှ မရှိဘဲ ငြိမ့်ကို ညီမလေးတစ်ယောက်လို စောင့်ရှောက်သူ။ ဒီဇာတ်လမ်းထဲမှာ မြှုပ်ထားတဲ့ ဇာတ်ကွက်ကတော့ ဇာတ်လမ်းအရှိန် တော်တော်ရချိန်ထိ ဖော်မပြသေးတဲ့ ယုယရဲ့ အဆောင်ကနေ ပြောင်းရွှေ့သွားခြင်းရဲ့ အဖြစ်မှန်ပါ။ ဒါနဲ့ပဲ လမင်းမိုမိုရဲ့ “စိတ္တဇခြေရာ” ဟာ ဒီအဆောင်သူ မိန်းကလေးတွေကြား ဘာတွေဖြစ်ကြသလဲဆိုတာ သိချင်ဇောနဲ့ စာဖတ်သူရဲ့ စိတ်ကို ညှို့ယူထားပါလိမ့်မယ်။