ကျွန်မမရှိတော့တဲ့အခါ

လမင်းမိုမို

800 Kyats ကျပ်
ဆရာမ လမင်းမိုမိုရဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်တဲ့ "ကျွန်မမရှိတော့တဲ့အခါ" ကို ခေါင်းစဉ်လေးဖတ်လိုက်တာနဲ့ ကြေကွဲလွမ်းဆွတ်သယောင် ခံစားမိမှာပါ။ လုပ်ငန်းတူ ခင်ပွန်းသည်နှစ်ယောက်ရဲ့ နေရာကောင်းရရေး အပြိုင်အဆိုင်လုပ် အမုန်းပွားနေတဲ့ ဒေါ်သင်းသင်းမော် နဲ့ ဒေါ်မာလာနွယ်။ အမေနှစ်ယောက်ရဲ့ အမုန်းတိုက်ပွဲကြားက မြေစာပင်ဖြစ်ရရှာတဲ့ ငယ်ကျွမ်းဆွေ ညီစေ နဲ့ ဦးဆောက်ပန်း။ အတူသွားအတူလာ တစ်ယောက်အပေါ်တစ်ယောက် နားလည်ရင်း မိဘတွေရဲ့ ကန့်ကွက်မှုကြားက မခွဲအတူ သစ္စာရှိရှိချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးရဲ့အနာဂတ်ကကော လှပနိုင်ပါ့မလား ? နှစ်ကိုယ်တူရွှေလက်တွဲပြီး မင်္ဂလာခန်းဝင်နိုင်ပါ့မလား ? ဘယ်လိုကံကြမ္မာဆိုးတွေဝင်လာမလဲ ? သူတို့နှစ်ယောက်ရဲ့ကြားကိုဝင်လာတာက ဦးဆောက်ပန်းအမေ သဘောတူကြည်ဖြူတဲ့ တတိယလူ ညိုချစ်ဆိုင်။ သူကကော ဘယ်လို လူမျိုးဖြစ်ပြီး ဦးဆောက်ပန်းအပေါ် နားလည်လက်ခံချစ်နိုင်ပါ့မလား ? ဦးဆောက်ပန်းကရော ညိုချစ်ဆိုင်ရဲ့ မေတ္တာကို ဘယ်လိုတုံ့ပြန်မလဲ? ကျွန်မမရှိတော့တဲ့အခါ ဆိုတဲ့အတိုင်း ဇာတ်လမ်းကရော ဘယ်လိုလေး အဆုံးသတ်သွားလေမလဲ ? ကဲ ဝန်ဇင်းမှာ မနှေးအမြန် ဝယ်ယူဖတ်ရှုအားပေးကြပါဦးနော်။