သင့်ခေါင်းမှာသရဖူဆောင်းနိုင်ဖို့

လင်းသိုက်ညွန့်(မြန်မာ့မြေ)

1000 Kyats ကျပ်
"ဤကမ္ဘာပေါ်တွင် မစိုက်ပျိုးဘဲ အလိုအလျောက် ပေါ်ပေါက်ရှင်သန်လာသည့် အောင်မြင်မှုဟူ၍ မြုမှုန်မျှပင် မရှိပါ" တဲ့။ ဒီစာအုပ်ဟာ "သင့်ခေါင်းမှာ သရဖူဆောင်းနိုင်ဖို" ဆိုတဲ့အတိုင်း အောင်မြင်မှုနည်းလမ်း အသွယ်သွယ်ကို ဖော်ပြထားတဲ့ ဘာသာပြန်ဆောင်းပါးများ စုစည်းမှုဖြစ်ပါတယ်။ အောင်မြင်မှုဆိုတာ သစ်စေ့တစ်စေ့လိုပါပဲတဲ့။ ကိုယ်က အရင်မစိုက်ပျိုးဘဲ အောင်မြင်မှုကို မရနိုင်ဘူးတဲ့။ ဟုတ်သလားဗျ။ အောင်မြင်ဖို့အတွက် စိုက်ပျိုးပြုစုပျိုးထောင်ရမဲ့ မျိုးစေ့ (၃) မျိုးရှိတယ်တဲ့။ အဲဒါတွေက အထွေထွေဗဟုသုတ၊ ကျွမ်းကျင်မှုစွမ်းရည်နဲ့ နဲ့ စိတ်ထားတို့ပါပဲတဲ့။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါဆို အောင်မြင်မှုအတွက် တခြားရော ဘာတွေ လုပ်ဆောင်ဖို့လိုအပ်ဦးမလဲ။ လွယ်လွယ်လေးပါဗျ။ ဒီစာအုပ်ထဲမှာ အကုန်ပါပါတယ်။ အောင်မြင်ဖို့ ဘယ်လိုစဉ်းစားတွေးခေါ်ရမယ်။ ဘာတွေပြောင်းလဲပစ်ဖို့လိုမယ်။ ဘာတွေ လိုက်နာကျင့်သုံးရမယ်။ အများကြီးမှ အများကြီးဖတ်ရှုနိုင်မှာပါ။ ကဲ အောင်မြင်မှုကို ဟန့်တားနေတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ ဒီစာအုပ်လေးကို ဖတ်ရှုပြီး အောင်မြင်မှုသရဖူဆောင်းကြပါစို့လားဗျာ။