ရေကန်ဘေးက တစ္ဆေ

လင်းလက်အောင်

500 Kyats ကျပ်
သာယာအေးချမ်းတဲ့ တောရွာလေးတစ်ရွာကို အပြောင်းအရွှေ့ တာဝန်ကျပြီး ရောက်လာတဲ့ ဆရာမလေး မွန်ခိုင်စိုး။ သစ်ရိပ်ဝါးရိပ် စိမ်းစိမ်းစိုစိုနဲ့ ကျေးငှက်သာရကာတွေရဲ့ တေးသီသံတွေက ရွာကလေးကို ပိုပြီး အသက်ဝင်နေစေတယ်။ ဆရာမလေးက ဒီရွာကလေးကို သဘောကျမိပြီး ဒီရွာမှာ တာဝန်ကျတာ ကံကောင်းတယ်လို့ တွေးမိတယ်။ တည်းခိုစရာ အိမ်ကလည်း အဆင်သင့်။ လူကြီးတွေအပြင် ခင်သက်ဆိုတဲ့ အရွယ်တူမိန်းကလေးဖော် တစ်ယောက်လည်းရှိတော့ အဆင်ပြေတယ်လေ။ ရွာကိုရောက်တဲ့ ညနေမှာ ခင်သက်နဲ့ ဆရာမလေးတို့ လမ်းလျှောက်ထွက်ဖို့ ပြင်ကြတယ်။ လူကြီးတွေက ရွာထိပ်က ရေကန်ကြီးဘက် မသွားနဲ့လို့ အထပ်ထပ် မှာလိုက်တာကို ဆရာမလေး သတိပြုမိတယ်။ ခင်သက်နဲ့အတူ လမ်းလျှောက်ထွက်ခဲ့ရင်း လမ်းမှာ ရေကန်ကြီးအကြောင်း မေးကြည့်တဲ့အခါမှာတော့ … ဝမ်းနည်းစရာ၊ ထိတ်လန့်စရာ၊ အံ့အားသင့်စရာ ဇာတ်လမ်းတစ်ပုဒ်ကို ခင်သက်က ပြောပြခဲ့တယ်။ စာချစ်သူ ဖတ်ကြည့်ပါ။ သရဲဝတ္ထုဆိုပေမယ့် ဝမ်းနည်းစရာ အချစ်ဇာတ်လမ်းတစ်ပုဒ်က စာဖတ်သူကို ကြောက်လန့်မှုအစား လွမ်းမောဆွတ်ပျံ့စရာ ခံစားမှုတွေ ပေးပါလိမ့်မယ်။