အစားၾကဴးတဲ့ ငါးခူ

လင်းလက်အောင်

200 Kyats ကျပ်
ဧရာဝတီ မြစ်ကြောင်းနံဘေးမှာ ရှိတဲ့ ချောင်းဆုံဆိုတဲ့ တံငါရွာလေးတစ်ရွာ။ အဲဒီရွာက ငထွန်းဆိုတဲ့ ငါးဖမ်းသမား တံငါသည်လေးက ဝမ်းစာအတွက် ငါးဖမ်းထွက်လာခဲ့တဲ့ တစ်နေ့ပေါ့။ တစ်ဖက် ကျုံနင်းရွာဘက်ဆီ လှေကလေးကို လှော်လို့ ငါးဖမ်းပိုက်ချဖို့ ထွက်လာခဲ့တယ်။ ချောင်းစပ်မှာ တခြားရွာက ငါးဖမ်းလှေတွေနဲ့ တွေ့ပြီး အတူတူ ငါးဖမ်းဖို့ ပြင်နေတုန်း ဝုန်းခနဲ အသံနဲ့အတူ လှေတစ်စီး ရေထဲ မှောက်သွားတယ်။ ရုတ်တရက်မို့ ဘာဖြစ်မှန်း သူတို့ သတိမပြုမိလိုက်ကြဘူး။ မှောက်သွားတဲ့လှေကို ပြန်ကူညီကြတုန်း နောက်တစ်ကြိမ် ဝုန်းခနဲ အသံနဲ့အတူ အားလုံး မြင်လိုက်ကြရတာက လူကြီးတစ်ဖက်လောက် အရွယ်ကြီးမားတဲ့ ဧရာမ ငါးကြီးတစ်ကောင်။ သူတို့တစ်သက် ချောင်းထဲ ဒီလောက်ကြီးတဲ့ ငါးကြီးကို မမြင်ဖူးခဲ့ကြဘူး။ ဒါနဲ့ ငါးကြီးကို လူအင်အားသုံး ဖမ်းဆီးဖို့ တိုင်ပင်ကြတဲ့ နောက်မှာတော့ …