ဘီလူးကျွန်းမှ ကလျာရတီ

လင်းလက်အောင်

500 Kyats ကျပ်
လသာနေတဲ့ ညတစ်ည။ ဘကြီးအောင်နဲ့ ငထွန်းတို့ တူဝရီးနှစ်ယောက် လှေကလေးနဲ့ မြစ်ရိုးတစ်လျှောက် ငါးဖမ်းထွက်ကြရင်း ပင်လယ်ဝဘက်ဆီ ရောက်မှန်းမသိ ရောက်လာခဲ့တယ်။ အတွေ့အကြုံ ရင့်ကျက်နေပြီဖြစ်တဲ့ ဘကြီးအောင်က တစ်နေရာရောက်တော့ ရေစီးအပြောင်းအလဲကို သတိပြုမိသွားတယ်။ သေမင်းရေစီး ... ရေလုပ်ငန်းနဲ့ ပတ်သက်သူတိုင်း သွေးပျက်မတတ် ကြောက်ကြတဲ့ သေမင်းရေစီးထဲ သူတို့လှေကလေး ရောက်နေပြီ။ ဘကြီးအောင်ဟာ ငထွန်းလက်ကိုဆွဲပြီး ရေထဲခုန်ချလိုက်တယ်။ အနီးဆုံးက ကျွန်းကလေးဆီ အားကုန်ကူးခဲ့ကြတယ်။ ကံကောင်းထောက်မစွာနဲ့ သူတို့နှစ်ယောက် ကျွန်းပေါ်ကို ဘေးမသီရန်မခ ရောက်သွားခဲ့ကြတယ်။ ဒါပေမဲ့ … ကံဆိုးချင်တော့ ကျွန်းပေါ်မှာ သူတို့ကို အသင့်စောင့်နေတာက … ထန်းပင်တစ်ပင်စာလောက် မြင့်မားထွားကြိုင်းတဲ့ ဧရာမ ဘီလူးကြီးနှစ်ကောင်နဲ့ လူမက နတ်တမျှ ချောမောလှပတဲ့ မိန်းမချောလေးတစ်ယောက်။ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာတော့ …