ပင်လယ်ထဲကသူမနှင့် လောကီလွန် ဖြစ်ရပ်ဆန်းများ

လင်းလက်အောင်

500 Kyats ကျပ်
ရေသူမဆိုတာ ဒဏ္ဍာရီဆန်ဆန် ထူးဆန်းတဲ့ လူတစ်ပိုင်း ငါးတစ်ပိုင်း သတ္တဝါတစ်မျိုးလို့ အားလုံး နားလည်ထားကြပါတယ်။ ရေသူမဟာ ရုပ်ဆိုးသလား၊ လှသလား … ဒါကလည်း ဇဝေဇဝါ ကိစ္စပါပဲ။ ဒီဇာတ်လမ်းမှာတော့ ရေသူမက နတ်သမီးလေးလို အလန်းစား အလှကလေးဗျ။ လူစကားလည်း ပြောတတ်တယ်၊ လူလိုလည်း ခံစားတတ်တယ်။ ပင်လယ်ထဲ ငါးဖမ်းထွက်တဲ့ စက်လှေတစ်စီးနဲ့ လူတစ်စုဟာ မုန်တိုင်းမိပြီးနောက်မှာ ထူးဆန်းတဲ့ ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့တယ်။ ပိုက်ဆွဲတင်လိုက်တဲ့အခါ ပါလာတာကတော့ ငါးတစ်ကောင်မဟုတ်ဘဲ လူတစ်ပိုင်း ငါးတစ်ပိုင်း ရေသူမ လှလှလေးတစ်ကောင်။ ဒီဇာတ်လမ်းကတော့ ငါးဖမ်းစက်လှေပေါ်က အလုပ်သမား ကောင်လေးနဲ့ ရေသူမလေးတို့ရဲ့ သဘာဝလွန် အချစ်ပုံပြင်လေးတစ်ပုဒ်လို့လည်း ဆိုနိုင်ပါတယ်။ ဘဝမတူပေမဲ့ နှလုံးသားချင်း တူညီကြတဲ့အခါမှာတော့ … ။