ဟစ်တလာ၏သေတမ်းစာ

လင်းယုန်မောင်မောင်

800 Kyats ကျပ်
ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတဲ့ နောက်ပိုင်းမှာ နာဇီပါတီနဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ နာဇီ ဂျာမနီနဲ့ ပတ်သက်ပြီးဖြစ်ဖြစ် တရားဝင် စာရွက်စာတမ်းတွေ အများအပြား ပုံနှိပ်ခဲ့ကြတယ်။ ဒီစာအုပ်ကတော့ နာဇီနဲ့ ပတ်သက်ပြီး နောက်ဆုံး ထုတ်ဝေခဲ့တဲ့ တရားဝင် အကြောင်းအရာတွေပါ။ အဲ့ဒါက၊ ဟစ်တလာရဲ့ သေတမ်းစာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် စာအုပ်ထဲမှာပါတဲ့ ပါမောက္ခ ထရီဗာရိုပါရဲ့ နိဒါန်းကို ဖတ်ဖြစ်အောင် ဖတ်ဖို့ လိုပါတယ်။ ဘာလို့ဆို၊ သူဟာ ဂျာမနီရေးရာနဲ့ ပတ်သက်ရင် ပါရဂူတစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ နိဒါန်းမှာ ဟစ်တလာရဲ့ သေတမ်းစာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ အချက်အလက်တွေကို အပြည့်အဝ ဖော်ပြထားတာ တွေ့ရမှာပါခင်ဗျ။