ဟစ္တလာ

လင်းယုန်မောင်မောင်

1000 Kyats ကျပ်
ဟစ်တလာ အကြောင်း လေ့လာဖို့ အကောင်းဆုံး စာအုပ်လို့ ပြောချင်ပါတယ်။ ဆရာလင်းယုန်မောင်မောင်က ဒီစာအုပ်ကို ရေးသား ပြုစုနိုင်ဖို့ နာဇီနဲ့ ပတ်သက်သမျှ၊ ဒုတိယ ကမ္ဘာစစ်အကြောင်း၊ ဟစ်တလာအကြောင်း စာအုပ်စာတမ်းနဲ့ သတင်းစာ မှတ်တမ်းတွေ၊ စတဲ့ ဘက်စုံ ထောင့်စုံကနေ စိစစ်ပြီး ဟစ်တလာဆိုတဲ့ သမိုင်းဝင် လူသားတစ်ယောက်ကို အပြည့်အစုံဆုံး ပုံဖော်ထားတာပါ။ ဟစ်တလာ ဘယ်သူလဲ၊ သူ ဘယ်လို လူမျိုးလဲ၊ သူ ဘာတွေ လုပ်ခဲ့လဲ၊ သူ့ကြောင့် ကမ္ဘာကြီး ဘာတွေ ဖြစ်ပျက်ခဲ့လဲ စတဲ့ ဟစ်တလာရဲ့ ဘဝထဲကမှ အဓိက အဖြစ်အပျက်တွေကို စုစည်း ထုတ်နုတ်ထားတာ ဆိုတော့ လေ့လာရတာ သိပ်ကို အားရဖို့ ကောင်းပါတယ်။ ဟစ်တလာ အကြောင်း စတင် လေ့လာမယ့် သူတိုင်း ဟစ်တလာကို စိတ်ဝင်စားသူတိုင်း ဒီစာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။