အနာဂတ်အတွက်မွေးဖွားခြင်း

လင်းယုန်သစ်လွင်

600 Kyats ကျပ်
“ဘယ်လိုလဲ၊ ကျုပ်အပေါ်များ ရှင် ငဲ့ညှာစိတ် ရှိသေးရဲ့လား” အဘွားကြီးက မချင့်မရဲ မေးလိုက်သည်။ ခုလို မေးမြန်းလိုက်သည့် အခါ၌လည်း အဘွားကြီးလေသံက ဆွေးဆွေးမြည့်မြည့်ကြီး။ တုန်တုန်ယင်ယင်ကြီး။ “အေး ကျုပ်အနေနဲ့တော့ အားလုံးအပေါ် သက်ညှာတယ်၊ ဒီလို သက်ညှာမှု ရှိလို့လည်း ကျုပ်က အမောခံ အပင်ပန်းခံပြီး ပြောနေဆိုနေသေးတာပဲ။ ဒီမယ် မငြိမ်းသာ ကျုပ်သဘောကတော့ မီးကို မလောင်ခင်တားချင်တယ်၊ မီးပွားလေးကို မီးတောက်မီးလျှံကြီး မဖြစ်စေချင်ဘူး၊ အရှိန်ရလာတဲ့အခါ မီးဟာ ငြှိမ်းရခက်တယ်”