အသည်းခွဲဖက်ရှင်

လင်းညှို့သွေး

600 Kyats ကျပ်
ဝေါဟာရဖွဲ့နွဲ့မှု အသစ်အဆန်းတွေနဲ့ ဝါကျကို တည်ဆောက်တတ်တဲ့ လင်းညှို့သွေးရဲ့ ဇာတ်လမ်းတွေဟာလည်း ခပ်ဆန်းဆန်းကလေးတွေ ဖြစ်နေတတ်တာ သတိထားမိကြမှာပါ။ ဒီဇာတ်လမ်းမှာလည်း ပဉ္စလက်ဆန်ဆန် လှပကျော့ရှင်းတဲ့ မိန်းမပျိုလေးတစ်ယောက်ဟာ ဆန်းကြယ်မှုတွေနဲ့အတူ “နက်ရှိုင်း” ရဲ့ ဘဝထဲကို ဝင်ရောက်လာပုံက စတင်ထားပါတယ်။ အကပညာကို ဝါသနာပါလွန်းတဲ့ နက်ရှိုင်းဟာ သူ့ဘဝအတွက် ဝါသနာကလွဲရင် အခြားအရာတွေကို ယောင်လို့တောင် လှည့်ကြည့်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် မှော်နတ်ဘုရားမလေးရဲ့ ညှို့ယူစေစားမှု၊ ထူးခြားလှတဲ့ အတွေ့ထူးတွေကတော့ နက်ရှိုင်းကို ဝါးမြိုသွားခဲ့ပါတယ်။ မှော်နတ်ဘုရားမလေးကတော့ သူရဲ့ စေစားရာမှာ ပျော်ဝင်မျောလွင့်လာတဲ့ နက်ရှိုင်းတစ်ယောက်ကို ဘယ်လိုပြုစားခဲ့တယ်ဆိုတာ လင်းညှို့သွေးရဲ့ သစ်ဆန်းတဲ့ အတွေးတွေမှာ ပုံဖော်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ် … ။