တစ်ယောက်တစ်ခြမ်း

လင်းညှိုသွေး၊ အိပ်မက်ကိုး

600 Kyats ကျပ်
အိပ်မက်ကိုးရဲ့ ဝတ္ထုတိုတွေထဲမှာ အညွှန်းရေးသူတစ်ယောက်အနေနဲ့ အကြိုက်ဆုံးကို ပြောရရင်တော့ ‘ရှင်ဘယ်မှာလဲ’ ဆိုတဲ့ ဝတ္ထုလေးပါ။ အရမ်းကြီး ဆန်းသစ်တဲ့ ရေးဖွဲ့မှုပုံစံမဟုတ်ပေမယ့် ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ကို ကဗျာတစ်ပုဒ်လို ဖတ်ရတဲ့ ခံစားမှုက နှစ်သက်စရာ ကောင်းပါတယ်။ ကဗျာတစ်ပုဒ်လိုဆိုလို့ အရမ်းကြီးလည်း ဝင်္ကဝုတ္တိတွေ၊ ဥပမာတွေနဲ့ အလင်္ကာဆန်လှတာ မဟုတ်ပဲ ပေါ့ပေါ့ပါးပါး ခပ်သွက်သွက်လေးမို့ စကားလုံးတွေထဲမှာ စီးမျောရင်း ဇာတ်လမ်းထဲက အမျိုးသမီးရဲ့ ခံ စားချက်ကို ဖမ်းဆုပ်မိလိုက်ရပါတယ်။ “ခြောက်ကပ်ကပ်နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်တင်းပေးတဲ့ ဆိုးဆေးအဆီကို သုံးမိရင်လည်း ရှင့်ကိုသတိရတယ်” ဆိုတဲ့ ချစ်သူနှစ်ဦးကြားက အထိအတွေ့တစ်ရပ်ကို လှလှလေးဖွဲ့ပြသွားတာကို ကြည့်ရင်ပဲ ဒရမ်မာရသကို ခံစားချင်သူတွေ အကြိုက်တွေမှာ သေချာကြောင်း အာမခံလိုက်ရပါတယ်။