ရှေးဟောင်းမျောက်မနှင့် အခြားအက်ဆေးများ

လင်းခါး

600 Kyats ကျပ်
စာမြည်း ။ ။ လူတွေဟာ ငယ်ဘဝကို ဖြတ်သန်းမယ်။ ပြီးတော့ ရင့်ကျက်လာတယ်လို့ ထင်ရတဲ့ဘဝ။ မနက်ခင်းနိုးလာမယ်။ အပန်းဖြေမယ်။ အလုပ်ကိုသွားမယ်။ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်ထိုင်မယ်။ တော်ကီပစ်မယ်။ ပျက်စီးခြင်းငါးပါး တိုင်နေတဲ့ တီဗွီအစီအစဉ်တွေ ကြည့်မယ်။ ငိုကြွေးမယ်။ မင်းမဲ့ဝါဒီ မဟုတ်သည့်တိုင်အောင် အစိုးရအဆက်ဆက်ကို ကျိန်ဆဲမယ်။ လူ့ဘဝကို ငြီးငွေ့မယ်။ အမှောင်ထဲမှာ ထိုင်ပြီး ဖြတ်သန်းခဲ့ပြီးတဲ့ တချို့ နေရက်များကို ပြန်လည် တွေးတောမယ်။ ငိုကြွေးမယ်။ လိင်ဆက်ဆံမယ်။ နိုင်ငံရေး လှုပ်ရှားမှုတစ်ခုမှာ ပါဝင်မယ်။ ယုံကြည်ချက်တစ်ခုခုကို ကိုင်ဆုပ်ထားမယ်။ စကြာဝဠာအကြောင်း ဆောင်းပါးတွေဖတ်မယ်။ ပေါင်မုန့်တစ်လုံးကို သူတောင်းစားတစ်ယောက်ကို ပေးပစ်လိုက်တာနဲ့ ညီမျှတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အလုပ်တစ်ခုခုလုပ်ပြီး သမိုင်းတာဝန် ကျေပြွန်သွားပြီလို့ တွေးမယ်။ နောက်ဆုံးတစ်နေ့မှာ သေဆုံးသွားမယ်။ လူ့ဘဝဟာ မလွယ်လှဘူးဆိုတာ တွေးကြည့်မှ သိရမယ့်ကိစ္စပဲ။