မြူ

လင်းခန့်

900 Kyats ကျပ်
ကမ္ဘာကျော် သည်းထိတ်ရင်ဖို စာရေးဆရာကြီး စတီဖင်ကင်းရဲ့ The Mist ဆိုတဲ့ စာအုပ်ကို ဆရာလင်းခန့် မြန်မာဘာသာပြန်ဆိုခဲ့တဲ့ ‘မြူ’။ ဒီဇာတ်လမ်းကို The Mist ဆိုတဲ့ နာမည်နဲ့ပဲ ရုပ်ရှင်ဇာတ်ကားအဖြစ် ဒါရိုက်တာ ဖရန့်ခ်ဒါရာဘုန့်က ပြန်လည်ရိုက်ကူးခဲ့တာကိုလည်း အတော်များများ ကြည့်ဖူးကြမှာပါ။ နိုင်ငံတကာမှာ လူကြိုက်များခဲ့တဲ့ ရုပ်ရှင်တစ်ခု ဖြစ်ခဲ့တယ်လေ။ တကယ်တော့ ဒီဇာတ်လမ်းကို စတီဖင်ကင်းက သူ့ရဲ့ ကိုယ်တွေ့ကိုအခြေခံပြီး ရေးသားခဲ့တယ်လို့ ဆိုထားပါတယ်။ (၁၈၈၈) ခုနှစ်၊ မတ်လ (၁၁) ရက်ကနေ (၁၄) ရက်နေ့အတွင်း၊ အမေရိကန်ပြည်နယ် မြောက်ပိုင်းမှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ နှင်းမုန်တိုင်းကြီးကို ကြုံခဲ့ရတဲ့ လူတွေရဲ့ အဖြစ်အပျက်မှန်ကို စိတ်ကူးယဉ်ဇာတ်လမ်းဆင်ပြီး ရေးသားခဲ့တဲ့ ဝတ္ထုပါ။ အဲဒီတုန်းက စတီဖင်ကင်းကိုယ်တိုင် နှင်းမုန်တိုင်းဘေးကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဝတ္ထုရဲ့ ဇာတ်လမ်းအစမှာ ပါတဲ့ မုန်တိုင်းထန်တဲ့အဖြစ်အပျက်ကို သူကိုယ်တိုင်ကြုံခဲ့ရပြီး နောက်တစ်နေ့မှာ မြို့ထဲက စူပါမားကတ်ကို သူ့သားငယ်နဲ့အတူ သွားခဲ့တယ်။ ဆိုင်ထဲမှာ မုန့်ဝယ်ရင်း ဇာတ်လမ်းထဲမှာပါတဲ့ သတ္တဝါတွေကို စိတ်ကူးယဉ်တွေးကြည့်ရာကနေ ‘မြူ’ ဆိုတဲ့ ဇာတ်လမ်းကျောရိုးကို စိတ်ကူးရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဝတ္ထုက ဇာတ်လမ်းအကြောင်း ပြောရင် ပေါ့သွားမှာမို့ ကိုယ်တိုင်ပဲ ဖတ်စေချင်ပါတယ်။ အစကနေ အဆုံးထိ ရင်တထိတ်ထိတ် အသည်းတအေးအေးနဲ့ ဖတ်ရမှာဖြစ်သလို ရှေ့ဆက် ဘာဖြစ်မယ်ဆိုတာ ကြိုခန့်မှန်းရခက်တဲ့ ဇာတ်လမ်းအမျိုးအစားမို့ စာချစ်သူတို့ အကြိုက်တွေ့မှာ သေချာပါတယ်နော်။