ရေမွှေး

လင်းခန့်

900 Kyats ကျပ်
ဂျာမန် စာရေးဆရာ Patrick Süskind က ရေမွှေး (Perfume) ကို (၁၉၈၅) ခုနှစ် ဂျာမဏီမှာ ထုတ်ဝေခဲ့ပြီး နှစ်ဆယ်ရာစုအတွင်း ရောင်းအား အကောင်းဆုံး ဂျာမန်စာအုပ်တွေထဲမှာ တစ်အုပ်အပါအဝင် ဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ် ဘာသာပြန်ကိုတော့ (၁၉၈၇) ခုနှစ် မှာ ထုတ်ဝေခဲ့ပါပြီး ဘာသာပေါင်း (၄၉) မျိုး ပြန်ဆိုခဲ့ကြတဲ့အထိ အောင်မြင်ခဲ့တဲ့ စာအုပ်ပါ။ ရုပ်ရှင်အဖြစ် (၂၀၀၆) မှာ ရိုက်ကူးခဲ့ပြီး အောင်မြင်မှူရခဲ့ပါတယ်။ အနံ့ပညာရှင် ဂန်နွီဟာ ကြီးကျယ် ခမ်းနားတဲ့ ရေမွှေးတစ်မျိုး ကို ဖေါ်စပ်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ အဲဒီ ရေမွှေး အနံ့ကို ရလိုက်တဲ့ လူသားတစ်ယောက်ဟာ အသိတွေ၊ သတိတွေ လွတ်သွားမယ်။ အဲဒီ ရနံ့က နှလုံးသားထဲ တိုက်ရိုက် ရောက်ပြီး အချစ် ၊ အမုန်း ၊ အလိုရမ္မက် ၊ စက်ဆုပ်ခြင်း ၊ ကရုဏာ ၊ ဒေါသ စတဲ့ အကောင်းအဆိုး ခံစားမှုတွေကို သူ လိုရာ ထိန်းချုပ်နိုင်အောင် အစွမ်းထက်မယ် ဆိုပဲ။ ရှာမှရှားတဲ့ အနံ့ပညာရှင် ဂန်နွီ လိုချင်တဲ့ ရေမွှေးကို အောင်အောင်မြင်မြင် ဖေါ်စပ်လို့ ရသွားမလား ၊ သူ့ရဲ့ ရေမွှေး ကုန်ကြမ်းက ဘာဖြစ်မလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဆရာလင်းခန့်ရဲ့ ဘာသာပြန် လက်ရာနဲ့ ဖတ်ကြရမယ့် ကမ္ဘာကျော် ဝတ္ထုရှည်တစ်ပုဒ်ကို ခံစားကြည့်လိုက်ရအောင်နော်။