အချစ်စစ်တို့၏ ဝိညာဉ်ကကြိုး

ရွှန်းရမီမိုး

600 Kyats ကျပ်
ရာဇ ဆိုတာ မိဘမဲ့ပေမဲ့ ဘဝကို စိတ်အားငယ်စရာလို့ မတွေးဘဲ မိဘအမွေအနှစ်နဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်နေတဲ့သူ။ ရာဇမှာ ဇော်ရစ်နဲ့ မိုးယုပိုင်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် ရှိတယ်။ သူတို့သူငယ်ချင်းတွေစုပြီး ကော်ဖီဆိုင်လေးတစ်ဆိုင်လည်း ဖွင့်ထားသေးတယ်။ အဲဒီနေ့က ရာဇတစ်ယောက် မိုးယုပိုင်ရဲ့ တိုက်ခန်းဆီ အလည်လာတုန်း ဟိုဘက်အခန်းကနေ ဆိုးရွားတဲ့ သီချင်းဆိုသံတစ်သံကြောင့် စိတ်အတော်ပျက်သွားမိတယ်။ အသံက မိန်းကလေးသံ။ ကီးကြောင်ပြီး ဘယ်လိုမှ ကြားရအဆင်မပြေတဲ့ အသံဆိုးမျိုး။ မိုးယုပိုင်က ရှင်းပြတယ်။ သလင်းဖြူ ဆိုတဲ့ ပုပုဝဝ အူကြောင်ကြောင် မိန်းကလေးရဲ့ အသံဆိုတာ။ ဒီအသံ နှိပ်စက်မှုကို ခံနေရတာ ကြာပေမဲ့ သလင်းဖြူမှာ မြမနီဆိုတဲ့ ညီမချောလေး ရှိနေတာမို့ အစ်မအသံကို ညီမမျက်နှာနဲ့ သည်းခံနေရကြောင်းပေါ့။ မြမနီဆိုတဲ့ နာမည်လှလှလေးကို ရာဇ စိတ်ဝင်စားမိသွားတယ်။ ဒါပေမဲ့ ဒီလောက်လှလိမ့်မယ်လို့ သူ မထင်မိခဲ့ဘူး။ စတွေ့မိတော့မှ … မြမနီကို ချစ်မိတဲ့အချစ်ဟာ သူ့ရင်ထဲ ဝိညာဉ်ကကြိုးတစ်ပုဒ်လို လှုပ်ရှားယိမ်းထိုးသွားစေခဲ့တော့တယ်။ ဒီအခါမှာတော့ …