အချစ်ကခါးသည် . . .

ရွှန်းရမီမိုး

600 Kyats ကျပ်
နော်နော်တဲ့။ ဒီမိန်းကလေးကို အများအမြင်မှာတော့ သာမန်မိန်းကလေးတစ်ယောက်လို့ ထင်ကြပေမဲ့ သူ့ကိုယ်သူတော့ ထူးဆန်းတဲ့ မိန်းမတစ်ယောက်လို့ မြင်မိတယ်။ အပြင်ပန်းအရ ကြည့်ရင်တော့ နော်နော်က မိန်းမဆန်တဲ့ မိန်းမတစ်ယောက်ပါပဲ။ ဒါပေမဲ့ တကယ်တမ်း အတွင်းစိတ်ဟာ လုံးဝ မိန်းမမဆန်တာ နော်နော့်ကိုယ် နော်နော် အသိဆုံး။ ဒါဖြင့် နော်နော်က ယောက်ျားလျာလား ဆိုတော့လည်း မဟုတ်ဘူး။ တကယ့် မိန်းမစစ်စစ်ပဲ။ စိတ်သဘော အနေအထားကပဲ ယောက်ျားဆန်နေတာ။ ဒါ့အပြင် နော်နော်က သံသယကြီးတယ်။ သနားကြင်နာတတ်တယ်။ မဟုတ်တာ မလုပ်တတ်ဘူး။ အမှတ်သညာကြီးပြီး လက်တွေ့ဆန်တယ်။ ပြီးတော့ အချစ်ကြီးတယ်။ ဟုတ်တယ်။ နော်နော်က အချစ်ကြီးတယ်။ အချစ်ကြီးသလို အချစ်ကြီးလည်း ချစ်ခဲ့ဖူးတယ်။ အကြီးကြီးလည်း ခံစားခဲ့ရဖူးတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ နော်နော်ဟာ ဘယ်သူ့ကိုမှ စိတ်နှစ်ပြီး မချစ်တတ်တော့တာပဲ။ တစ်ခါကတော့ နော်နော်ဟာ အယုံလွယ်တဲ့ ဆယ်ကျော်သက်မလေး ဖြစ်ခဲ့ဖူးတာကိုး။ ကံကြမ္မာ ပန်းပုဆရာကပဲ နော်နော့်ကို ပုံစံပြောင်းပစ်ခဲ့တာ။ လူတွေကပဲ နော်နော့်ကို သင်ပေးခဲ့တာ။ ကဲ … နော်နော် ဆိုတဲ့ ယောက်ျားစိတ်ရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်အကြောင်းကို ခံစားကြည့်ရအောင်။ ဘာကြောင့်များ နော်နော့်အတွက် အချစ်က ခါးခဲ့ရသလဲ ဆိုတာကိုပေါ့။