သန်းခေါင်ယံတိုင်း တစ်ရေးနိုးတတ်ခဲ့တယ်

ရွှန်းရမီမိုး

600 Kyats ကျပ်
စာမြည်း ။ ။ “ငထွဋ် … မင်းကို ပြောစရာရှိလို့ ဘကြီးတို့ ခေါ်လိုက်တာ” “ဟုတ်ကဲ့ပါ ဘကြီး” “အေး … မင်းအဒေါ်တောင် မချေးနိုင်တဲ့ ပိုက်ဆံကို မိငယ်က ခြံနဲ့အိမ် ပေါင်ပေးတယ်။ တကယ်လို့သာ မင်း တစ်ခုခု ဖောက်သွားရင် မိငယ်တို့ သားအမိတော့ ဘဝပျက်ပြီ” “ကျွန်တော် သူတို့ကို ပိုက်ဆံ အမြန်ဆုံး ပြန်ပို့မှာပါ ဘကြီး” “အေး … ဒါက မင်း ခုနေပြောတဲ့ စကားလေကွာ၊ နောက်မှ ဘယ်လိုအကြောင်း ပေါ်လာမလဲ ဆိုတာ မမှန်းနိုင်သေးဘူးလေ” ဘကြီးက ကွမ်းတစ်ပျစ် ထွေးလိုက်ပြီးမှ … “ဘကြီးတို့ သဘောကတော့ကွယ်၊ မင်းတို့ လူငယ်တွေ လက်ခံနိုင်ရင် မင်းနဲ့ မိငယ်ကို နေရာချပေးချင်တယ်။ ဒါက အလုပ်သင့်ဆုံးလို့ ဘကြီး ထင်တယ်။ ဒါ မင်းကို အရင်ခေါ်ပြောတာ။ မင်းသဘောတူရင် မိငယ်ကို ဘကြီးတို့ ကြောင်းလမ်းပေးမယ်” ငထွဋ် ဘာပြောရမှန်း မသိပါ။ သူ မိငယ်ကို ခင်ပါသည်။ သံယောဇဉ်လည်း ရှိပါ၏။ ဒါပေမဲ့ …