အမုန်းမင်းသား

ရှင်မြတ်နိုး

700 Kyats ကျပ်
နှင်းဆီနီ စိတ်ထဲမှာ ဖြစ်နိုင်လျှင် ကလေးကို လည်ပင်း ထညှစ်ပစ်လိုက်ချင်လာသည်။ သားက သူ့ရဲ့ အနာဂတ်တဲ့လေ။ နီက ကိုယ်နှင့် လက်ထပ်ပြီး ခြောက်လအကြာတွင် သားအိမ်မှာ အနာဖြစ်၍ သားအိမ်ထုတ်ပစ်လိုက်ရတဲ့ မိန်းမတစ်ယောက်ပါ။ ရင်သွေးမရနိုင်တော့ပေ။ ထို့ကြောင့်ပင် ခင်ပွန်းဖြစ်သူရဲ့ အချစ်တွေ သံယောဇဉ် ငြိနိုင်မည့် အခွင့်အလမ်း မရှိနိုင်တော့။ နဂိုကမှ အချစ်မပါတဲ့ အိမ်ထောင်ရေး မဟုတ်လား။ အစေခံမနှင့် အချစ်ပြိုင်လုရတာကပင် နှင်းဆီနီ ခံပြင်းလျှက် ဒေါသတွေ ပေါက်ကွဲချင်သည်။ “မင်းလည်း ကလေးမရနိုင်တော့ဘူး မဟုတ်လား နီ … သားလေး ချစ်မဝကိုပဲ သားအရင်းအဖြစ် သတ်မှတ်ပါ။ ဖြစ်နိုင်ရင်လေ ကိုယ့်သား ချစ်မဝကို မှည့်တစ်ပေါက်လေးတောင် မထိခိုက်စေအောင် နီ စောင့်ရှောက်ပေးပါ” အရမ်းဖတ်လို့ကောင်းတဲ့ ဇာတ်လမ်းဖြစ်လို့ စာမြည်းပဲ ဖော်ပြလိုက်ပါတယ်နော်။