၁၅၀၀ ထက်ပြင်းသော

ရှင်မီထယ်

600 Kyats ကျပ်
ဆေးတက္ကသိုလ်ကျောင်းက အချောဆုံး အလှဆုံးဖြစ်သလို မာနကြီးတဲ့ သူဌေးသမီး မြဟေတည်ရဲ့ ဘဝမှာ ဘယ်သူနဲ့ ယှဉ်ယှဉ်၊ သူက အရာရာ နံပါတ်တစ်ပဲ ဖြစ်ချင်ခဲ့ပေမဲ့ မြူခိုးလွင်ဆိုတဲ့ မိန်းမချောတစ်ယောက် ပေါ်လာတဲ့အခါ မြဟေတည်က အလိုလိုနေရင်း နံပါတ်နှစ် ဖြစ်သွားခဲ့ရတယ်။ ဆင်းရဲပေမဲ့ ပညာထူးချွန်တာမို့ ဆေးတက္ကသိုလ်တက်ခွင့်ရခဲ့တဲ့ ဗိုဗဆွေဆိုတဲ့ ကောင်လေးဟာ မတူကွဲပြားတဲ့ အလှတရားတွေ၊ ခြားနားတဲ့ စိတ်သဘောထားတွေနဲ့ မိန်းမလှနှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုအကြားမှာ ဘယ်လိုရပ်တည်မလဲ ? မာန၊ အလှနဲ့ နှလုံးသားရဲ့ ပြိုင်ပွဲကြားမှာ ဘယ်သူရှုံးပြီး ဘယ်သူနိုင်မှာလဲ ? ဆေးတက္ကသိုလ်နောက်ခံ ဆရာဝန်လောင်း သုံးယောက်ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ခံစားလိုက်ရအောင်နော်။