မိုးပျံချစ်ခြင်း

ရှင်မီထယ်

600 Kyats ကျပ်
‘တက္ကသိုလ်ကျောင်းကို ခြေချကတည်းက တခြားသူတွေက ဘာကို စိတ်အဝင်စားဆုံးတော့ မသိဘူး။ ကျွန်တော်ကတော့… အလွန်လှတဲ့ ကျောင်းသူလေးတွေ၊ စတိုင်မိတဲ့ ကျောင်းသူလေးတွေကို သိပ်စိတ်ဝင်စားတာပဲ…’ ဆိုတဲ့ … ရာဇူး။ ‘ဘဝမှာ လေးနက်မှုဆိုတာ ဘာမှန်းမသိတဲ့ ကျောင်းသားတစ်ယောက်ကို ချစ်မိတဲ့အခါ ဘယ်လိုနှလုံးသားမျိုးနဲ့ သူ့ကို ရင်ထဲမှာ ဆက်လက်တည်တံ့နိုင်ဖို့ ထိန်းသိမ်းရမလဲဆိုတာကို သူမလည်း မစဉ်းစားတတ်အောင်ပါပဲ’ ဆိုတဲ့ … တနိုင်းမှီ။ တက္ကသိုလ်ကျောင်းရဲ့ နာမည်ကျော် ရာဇူးနဲ့ အလှနတ်မိမယ်လေး တနိုင်းမှီတို့ ဆုံတွေ့ကြတဲ့အခါ ဘယ်လို အချစ်ဇာတ်လမ်းမျိုး ဖြစ်လာမလဲ။ တနိုင်းမှီရဲ့ အဒေါ်ဆိုပေမဲ့ နုပျိုလှပပြီး ဆန့်ကျင်ဘက်တွေကို ဆွဲဆောင်နိုင်သေးတဲ့ အပျိုကြီး သင့်သူဗိုရယ်၊ မိန်းမလှမြင်ရင် ချစ်ချင်တဲ့ ရာဇူးရယ်၊ ယောက်ျားလေးတွေရဲ့ အိပ်မက်မင်းသမီးလေး တနိုင်းမှီရယ်၊ သူတို့ရဲ့ ဇာတ်လမ်းက ရင်ခုန်စိတ်လှုပ်ရှားစရာအပြည့်နဲ့ စာဖတ်သူကို ဆွဲဆောင်သွားမှာပါနော်။