ကြိုက်သလောက်ဖတ် ကြိုက်သလောက်ရယ်

ရဲစတိုင်း

700 Kyats ကျပ်
ရယ်သောသူအသက်ရှည်၏တဲ့။ ဒီနေ့ခေတ်မှာ လူတိုင်းလိုလိုက ရယ်ဖို့ကိုမေ့နေကြပါတယ်။ ဝမ်းရေးအတွက်၊ နေထိုင်ရေးအတွက် နေ့စဉ်လှုပ်ရှားရုန်းကန်ကြရတာကြောင့် ရယ်စရာတွေပျောက်ဆုံးနေတတ်ပါတယ်။ အဲဒီလိုရယ်စရာတွေ မပျောက်ပျက်ရအောင် ဒီစာအုပ်ကိုဖတ်ကြည့်ပါ။ ဒီစာအုပ်ထဲမှာပါတဲ့ ရယ်စရာ ဟာသတွေက ဝတ္ထုတွေလို စာအရှည်ကြီးနဲ့မဟုတ်တော့ ဖတ်ရတာ အချိန်အကြာကြီးပေးစရာမလိုဘူး။ စာအုပ်ထဲမှာပါတဲ့ ဟာသတိုင်းလိုလိုက တကယ်ရယ်ရတယ်။ တချို့ဟာသတွေက ဖတ်ပြီးတာနဲ့ တန်းရယ်ရတယ်။ တချို့ဟာသတွေကျတော့ ခဏလောက်တွေးပြီးမှ ရယ်စရာကို သတိထားမိတာမျိုးပေါ့။ ရယ်ချင်ရင်တော့ ဒီစာအုပ်ကိုအခုပဲဖတ်ကြည့်လိုက်ဗျာ။