၂၀ရာစု မြန်မာစာရေးဆရာ ၁၀၀ တတိယအုပ်

ရာပြည့်ဦးစိုးညွန့်

600 Kyats ကျပ်
မှော်ဘီဆရာသိန်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ၊ ပီမိုးနင်း၊ ငွေတာရီ ၊ ၀င်းဦး စတဲ့ နာမည်ကျော်ကြား လူသိများသော ပုဂ္ဂိုလ်ကြီး တို့၏ ငယ်စဉ်ကတည်းက ရုန်းကန်လှုပ်ရှားလာခဲ့ရသော သူတို့ရဲ့ အတ္ထုပ္ပတ္တိ များကို တစုတစည်းတည်း ဖတ်ရှုလို့ရတဲ့ စာအုပ်လေးတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀ ရာစု မြန်မာစာရေးဆရာ ၁၀၀ (အတ္ထုပ္ပတ္တိ အကျဉ်း ) တတိယထုပ်စာအုပ်လေးဟာ စာရေးဆရာပေါင်း ၁၀၀ ပါဝင်သော စာအုပ်ဖြစ်ပါတယ်။ စာချစ်သူတို့ စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာများစွာပါဝင်တာကြောင့် ဗဟုသုတများစွာရရှိနိုင်မယ့်စာအုပ်တစ်အုပ်ဖြစ်ကြောင်း မိတ်ဆက်လိုက်ရပါတယ်ရှင်။