ချုပ်နှောင်ခံ နေရသော ဝိညာဉ်များ

ရာဇမင်း(ဓနုဖြူ)

300 Kyats ကျပ်
''ဒါနဲ့ မရှင်းတာလေးမေးပါရစေ … သက္ကက ဘာလည်းဟင်၊ သူရော ရှိသေးလား'' … ''သူကတော့ သွေးစုတ် ကဝေ ဖြစ်နိုင်တယ် ဝိညာဉ်တွေကို လှောင်ပိတ်ပြီး ခိုင်းစေတာမျိုးလည်း ဖြစ်နိုင်တယ်။ သူ သေပြီးလားရှင်လားတော့ မပြောတတ်ဘူး ငါ့တူရေ … တောထဲမှာ တစ်ခါတလေ လည်ပင်းက အပေါက်နဲ့ သွေး မရှိတော့တဲ့ သမင်၊ ဆတ်၊ ပြောင် အစရှိတဲ့ တိရစ္ဆာန်တွေ သေနေတာ ကြုံဖူးတယ်လို့ မုဆိုးတချို့ပြောတာပဲ'' မင်းလူ နားထောင်ရင်းတောင် ကြောက်သလိုလို ဖြစ်လာ၏။ ''ကဲ ငါ့တူကြောက်နေပြီလား။ အဲ့ဒီလောက်လည်း မကြောက်ပါနဲ့၊ အဲ့ဒီရွာကို ဘယ်သူမှ မရောက်ဖူး သလို ရှာလို့လည်း မတွေ့သေးဘူး။ မင်းကိုလည်း တောထဲလောက်ပဲ ပြနိုင်တာပါ”