မိမိဘ၀ မိမိအဆင့်မြှင့်တင်နည်း

ရန်အောင်ဟိန်း

1000 Kyats ကျပ်
“လူတိုင်းသည် ဈေးရောင်းသမားများ ဖြစ်ကြသည်။ ဈေးရောင်းသူသည် သူ ရောင်းချသော ပစ္စည်းကို စွံအောင်ရောင်းချရသည်။ လူတိုင်းသည် မိမိရောက်လိုသော ဘဝအဆင့်အတန်းကို ရောက်ဖို့အတွက် မိမိအရည်အချင်းကို မိမိရောင်းချရသည်။ တစ်နည်းအားဖြင့် လုပ်အားကို ရောင်းချရသည်။ ထိုကဲ့သို့ လုပ်အားကို ရောင်းချရာတွင်လည်း ကာယလုပ်အားနှင့် ဉာဏလုပ်အားဟူ၍ နှစ်မျိုးရှိရာ ဉာဏလုပ်အားကို ရောင်းချသူသာလျှင် ထိပ်တန်းရောက် ကြီးပွားနိုင်ပေမည်” ဒီစာအုပ်ထဲမှာ ဆရာရန်အောင်ဟိန်းက လူတိုင်းလူတိုင်း မိမိဘဝရဲ့ ရောက်ရှိရာနယ်ပယ်တွေမှာ မိမိဘဝအဆင့်ကို မိမိကိုယ်တိုင် သတ်မှတ်စေနိုင်ဖို့ ရည်ရွယ်ပြီး ပြုစုထားတာပါ။ ကြီးပွားရေး၊ စီးပွားရေး၊ ဘဝအဆင့်အတန်း မြင့်မားရေး၊ ဗဟုသုတနဲ့ ဘဝကို မြှင့်တင်လိုသူများအတွက် ရည်ရွယ်ရေးသားထားတဲ့ ဒီစာအုပ်ကို ဝန်ဇင်းပရိသတ်ကြီး ကြိုက်နှစ်သက်မှာ သေချာပါတယ်။