မြောက်ဦးမြို့မှ ထင်ရှားသောဘုရားသမိုင်းများ

ရခိုင်သားကြီး

500 Kyats ကျပ်
‘လှည်းဝင်ရိုးသံတညံညံ၊ ပုဂံဘုရားပေါင်း’ ဆိုသလို ‘သဇင်ပန်းခိုင်တမြိုင်မြိုင်၊ ရခိုင်ဘုရားပေါင်း’ ဆိုတဲ့ စာချိုးနဲ့ မြောက်ဦးမြို့မှာ ရှိတဲ့ ဘုရားစေတီပုထိုး အရေအတွက်ကို ရေတွက် ထားကြပါတယ်။ မြောက်ဦးမြို့မှာ ရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံတွေနဲ့ ရှေးဟောင်းစေတီပုထိုးတွေဟာ မြန်မာနိုင်ငံအတွက် လုံးဝ အဖိုးမဖြတ်နိုင်တဲ့ အရာတွေပါ။ ဒီစာအုပ်ထဲမှာတော့ အဲ့ဒီလိုမျိုး အဖိုးထိုက်တန်ပြီး ယဉ်ကျေးမှုအရ သမိုင်းအရ ဂုဏ်ဒြပ်မြင့်မားတဲ့ မြောက်ဦးမြို့က ရှေးဟောင်း အမွေအနှစ် စေတီပုထိုးနဲ့ အဆောက်အအုံတွေ အကြောင်းကို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ မြောက်ဦးမြို့တော် သမိုင်းကြောင်းကစလို့ တင်ပြထားတဲ့အတွက် သမိုင်းကို စိတ်ဝင်စားသူတွေ ဗိသုကာ ပညာရပ်ကို စိတ်ဝင်စားသူတွေ ရခိုင်ပြည် မြောက်ဦးမြေကို ချစ်သူတွေ ဖတ်ကို ဖတ်သင့်တဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။