ပါးနပ်တဲ့မြေခွေးနှင့် ကိုရီးယားပုံပြင်များ

မရွှေဆု(မြန်မာပြန်)

600 Kyats ကျပ်
ပုံပြင်တွေဆိုတာ ဂန္ထဝင်ဝတ္ထုကြီးတွေ ဖတ်ရသလို လေးလေးပင်ပင်မရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ စိတ်လွတ်လပ်စေပြီး ပျော်စရာကောင်းတဲ့ အံ့ဖွယ်ကမ္ဘာငယ်လေးတစ်ခုထဲကို ရောက်သွားသလို ကျွန်တော်တို့ နှလုံးသားကို ခံစားရစေပါတယ်။ ကျွန်တော်တို့ဟာ ကလေးဘဝကတည်းကစပြီး ပုံပြင်တွေနဲ့ ရင်းနှီးခဲ့ကြတယ်။ ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားတို့ ပြောပြခဲ့ကြတဲ့ အိပ်ရာဝင်ပုံပြင်တွေ၊ ကျောင်းမှာ ဆရာ၊ ဆရာမတွေက အားလပ်ချိန်တွေမှာ ပြောပြခဲ့ကြတဲ့ အပန်းဖြေပုံပြင်တွေ၊ သူငယ်ချင်း အချင်းချင်း အပြန်အလှန် ဖလှယ်ခဲ့ကြတဲ့ သူရဲကောင်းပုံပြင်၊ စိတ်ကူးယဉ်ပုံပြင်တွေ၊ အရွယ်ရောက်လာပြန်တော့လည်း ချစ်သူပြောခဲ့တဲ့ အနာဂတ်ပုံပြင်တွေကို နားထောင်စိတ်ကူးပြီး ကြည်နူးခဲ့ကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုံပြင်တွေက ကျွန်တော်တို့ဘဝတွေထဲမှာ ဘယ်အရွယ်ဖြစ်ဖြစ် တစ်နည်းတစ်ဖုံ ပတ်သက်နေဦးမှာပါ။ နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ ဒေသတိုင်းမှာ … သူတို့နဲ့ သက်ဆိုင်တဲ့ ပုံပြင်လေးတွေက ရှေးအတီတေကာလကတည်းကနေ ခေတ်အဆက်ဆက်ကို ဖြတ်သန်းပြီး ရှင်သန်နေကြဆဲပါပဲ။ ဒီတော့ လူဆိုတာ ပုံပြင်ကြိုက်တဲ့ အမျိုးအစားပဲ မဟုတ်လားခင်ဗျာ။ ကဲ … မိတ်ဆွေလည်း ပုံပြင်ကြိုက်တတ်တယ်ဆိုရင်တော့ ဒီစာအုပ်လေးကို ဖတ်ကြည့်ပါလား။ ကိုရီးယားနိုင်ငံက ချစ်စဖွယ်ပုံပြင်လေးတွေကို ဆေးရောင်စုံရုပ်ပုံလေးတွေနဲ့လည်း တွဲဖက်ပြီး ဖတ်ကြရမှာမို့ သဘောကျကြမှာပါ။