ဘာလား

မိုးစက်ဝိုင်

700 Kyats ကျပ်
မိုးစက်ဝိုင်ရဲ့ ဒီစာအုပ်ဟာ စာရေးဆရာရူး ရူးနေရင်း ဇာတ်ညွှန်းရေးဆရာဘဝက ပိုစားသာတယ်ဆိုပြီး ကောက်ခါငင်ကာ လိုင်းပြောင်းသွားပေမယ့် အတွေးထက်ထက် စကားတွေ ပြောတတ်တဲ့ မိန်းကလေးတစ်ယောက်၊ အတွေးအမြင်က နိုင်ငံရေးစူးရှမှုများပေမယ့် ရည်းစားနောက်က ခပ်ငေါင်ငေါင် ဖြစ်နေရရှာတဲ့ ယောက်ျားလေးတစ်ယောက်၊ စာနယ်ဇင်းသမား တစ်ဦးအဖြစ် ခံယူချက်မြင့်မြင့်တွေကို ဖော်ပြထားပေမယ့် ရုပ်ရှင်မင်းသားမင်းသမီး အကြောင်းလောက်ကိုသာ စာပေအနုပညာအဖြစ် လုပ်ကိုင်နေပြန်တဲ့ ဂျာနယ်လစ်တစ်ယောက်။ ဒီသုံးယောက်ရဲ့ အတွေးအမြင်၊ အယူအဆဖော်ပြချက်တွေနဲ့ ထွေးလုံးထားတာမို့ ဒရမ်မာဆန်ဆန်အညွှန်းအတွက် ခပ်ဆန်းဆန်းလေးဖြစ်နေတဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။ အဲဒီလိုဖြစ်နေတာကပဲ ခေတ်အကြောင်းကို ခပ်သောသောလေးပြောချင်တဲ့ စာရေးသူရဲ့ ရည်ရွယ်ချက်လည်း ဖြစ်နိုင်တာမို့ စာဖတ်သူတွေအတွက်တော့ အမြင်တစ်မျိုးကို ခံစားရစေမှာပါ။