ကျွန်မဘဝရဲ့အလင်းအိမ်

မိုးစက်ပွင့်

700 Kyats ကျပ်
ဝေး ... တဲ့။ သူကတစ်အိမ်လုံးရဲ့အနှိမ်ခံ။ အမေကိုယ်တိုင်တောင် သူ့ကိုမချစ်၊ ဂြိုလ်ဆိုးလို့ သတ်မှတ်ထားတာ။ အချိန်ပြည့် အကောင်းမမြင်၊ အဆူခံ၊ အနှိမ်ခံ၊ အရိုက်အနှက် ခံရတယ်။ ဝေးက ရုပ်လည်းဆိုးသေးတယ်ဆိုပြီး အမေကပြောတယ်။ ဒါပေမဲ့၊ ဝေးကို သိပ်ချစ်တဲ့ လူတစ်ယောက်တော့ ရှိတယ်။ အဲဒါ သူ့ရဲ့အဖွားပါပဲ။ တစ်နေ့၊ ဝေးနဲ့အဖွား လျှောက်လည်နေတုန်း ရိုက်ကွင်းတစ်ခုတွေ့လို့ ဝင်ကြည့်ကြတယ်။ မင်းသားနာမည်က အလင်းအိမ်တဲ့။ ပြီးတော့ အဲဒီရိုက်ကွင်းနားမှာ မိန်းကလေးတစ်ယောက် ဖိနပ်ပျက်သွားတာကို ဝေးတွေ့လိုက်တယ်။ စိတ်သဘောထားကောင်းတဲ့ဝေးက အဲဒီမိန်းကလေးကို ကူညီလိုက်တဲ့အခါ ဘာတွေပြောင်းလဲကုန်သလဲဆိုတော့။