ရင်ခွင်ဟောင်းကို ပြန်ခဲ့ပါ

မိုဇာလျန်းဝေ

800 Kyats ကျပ်
မိဘမရှိတော့၊ အဒေါ်အပျိုကြီးနဲ့ အတူနေထိုင်တဲ့ ကျော့ကျော့စံ၊ မောင်ရဲနိုင်က သူမအပေါ်မှာ မေတ္တာစေတနာ အပြည့်ရှိပေမဲ့ ကျော့ကျော့က လက်မခံ။ အတိတ်၊ သူမ ဆယ်တန်းဖြေချိန်တုန်းက မိသားစုလို ရင်းနှီးခဲ့ကြတဲ့ ကိုသက်ပိုင်ဦးကို မေ့မရ။ လူတော်လူငယ်တစ်ယောက် ဖြစ်ပေမဲ့ မုန့်ဟင်းခါးသည်ရဲ့သား ဆိုပြီး ကျော့ရဲ့ မိဘတွေက အဆင့်ခွဲ သူတို့ လူငယ်မေတ္တာကို ဖြတ်ခဲ့ကြတယ်။ ဒါတွေဟာ အတိတ်ကပေမယ့် ခုချိန်ထိ ကျော့အနေနဲ့ တခြားတစ်ယောက်ကို အလွယ်တကူ လက်မခံနိုင်သေးတဲ့ အကြောင်းတစ်ရပ်လို့ ဆိုရမှာပေါ့။ ကျော့တစ်ယောက်၊ မိန်းကလေးတစ်ယောက်အနေနဲ့ နှလုံးသားနုနယ်ချိန်မှာ ချစ်ခဲ့တဲ့ အချစ်ဦးကို မမေ့နိုင်ဘဲ အပျိုကြီးဘဝနဲ့ ဇာတ်သိမ်းနိုင်မလား။ သုံးပွင့်ဆိုင်များ ဖြစ်မလား။ ဖတ်ကြည့်လိုက်ပါ။ ရင်ခုန်ဖို့ကောင်းပါတယ်။