လက်ဆင့်ကမ်းပါ ဗုဒ္ဓသာသနာ

မုဒိတာ(မြကျွန်းညို)

အခမဲ့
ဗုဒ္ဓဘာသာဝင်တိုင်း ဖတ်ရှုသင့်တဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း၊ နားလည်လွယ်ကူအောင် ရေးသားပြုစုထားတဲ့ ဘာသာရေး ကျမ်းငယ်တစ်စောင် ဖြစ်ပါတယ်။ လယ်တီပရမတ္ထသံခိပ်ကျမ်း၊ မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး စီရင်တော်မူတဲ့ ပရမတ္ထသံခိပ်အဖြေကျမ်း၊ မဟာဗုဒ္ဓဝင်ပထမတွဲ ပထမပိုင်း၊ မဟာစည် ဓမ္မလင်္ကာများနဲ့ အခြေခံ ဗုဒ္ဓဘာသာ လက်စွဲစာအုပ်တို့ကနေ ထုတ်နုတ်ပူဇော်တင်ပြထားတာမို့ ဘာသာရေး ဗဟုသုတ စွယ်စုံရနိုင်သလို၊ ရတနာသုံးပါးကိုလည်း ပိုမိုကြည်ညိုသဒ္ဓါပွားများစေမှာပါ။ စာမြည်း ။ ။ ဂေါတမဘုရား အလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရှင်ရသေ့ ဖြစ်ခဲ့လေသည်။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရနိုင်သော်လည်း ဩဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါကုန်သော ဝေနေယျသတ္တဝါ အပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် နိဗ္ဗာန်ချမ်းသာကို ယူတော်မမူခဲ့ပေ။