မြင်းကပါ ကျိန်စာသင့်သူ

မိုးစွေ

200 Kyats ကျပ်
ရာဇဝင်ထဲက မြန်မာတို့ရဲ့ အသည်းနှလုံးဖြစ်တဲ့ ပုဂံမြေရဲ့ တစ်နေရာဖြစ်တဲ့ မြင်းကပါအရပ်။ ထန်းနဲ့ ပတ်သက်တဲ့လုပ်ငန်း၊ ယွန်းထည်လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်ကြတဲ့ မြင်းကပါသားတွေ။ အဲဒီတုန်းက ရဲဘော်ဖြူ၊ ရဲဘော်နီ စတဲ့ ပါတီတွေကွဲ၊ မူဝါဒတွေ၊ ယုံကြည်ချက်တွေ ကွဲပြားကြတဲ့ ကာလမှာ မြင်းကပါ အရပ်ရဲ့ ပတ်ဝန်းကျင်ရွာကလေးတွေဟာ မငြိမ်းချမ်းတဲ့ ဒေသတစ်ခု ဖြစ်ခဲ့ပါတယ်။ ငွေကြေးအားဖြင့် မချမ်းသာကြပေမဲ့ အဲဒီရွာသားတွေကတော့ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကိုင်စားသောက်ရင်း ဘဝကို ဖြတ်သန်းနေကြတာပါပဲ။ တစ်ခုတော့ ရှိတယ်။ အဲဒီနယ်က ရွာသားတချို့ဟာ နေ့ချင်းညချင်း ကြီးပွားသွားတာတွေ ရှိတယ်။ ဒါဟာ ရေခံမြေခံကြောင့်လို့ ဆိုကြတယ်။ တချို့က စိုက်ပျိုးဖို့ ထွန်ယက်ရင်း မြေထဲက ရွှေတိုရွှေစတွေ ရတာမျိုး၊ ရွှေဒင်္ဂါးတွေ ရတာမျိုး၊ ရှိတတ်တာလေ။ ဒီလို ကံထူးသူတွေထဲကမှ ကံအထူးဆုံး လူတစ်ယောက် ပေါ်လာခဲ့တယ်။ သူ့နာမည်က စိန်တိုး။ မြေတူးရင်း အိုးတစ်လုံးအပြည့် ရွှေထည်ပစ္စည်းတွေ အထုပ်လိုက် ရသွားခဲ့တယ်။ ရိုးသားအေးဆေးတဲ့ စိန်တိုးတစ်ယောက် များပြားတဲ့ ရွှေထည်ပစ္စည်းတွေကို ပိုင်ဆိုင်ပြီးတဲ့ နောက်မှာ ဘယ်လိုကျိန်စာတွေက သူ့ဘဝကို ရိုက်ခတ်လာလေမလဲ ဆိုတာတော့ …