ချောင်းဘေးနားက သရဲမ

မိုးစွေ

200 Kyats ကျပ်
သရဲ ရှိတယ်လို့ ယုံပါသလား။ ဒါမှမဟုတ် သရဲဆိုတာ မရှိဘူးလို့ လက်ခံထားပါသလား။ ဒီဇာတ်လမ်းကို ဖတ်ကြည့်ပါ မိတ်ဆွေ။ ရွာကလေးတစ်ရွာမှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို အခြေခံပြီး ရေးထားတဲ့ ပရလောက နောက်ခံဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းထဲက သရဲက ခြောက်ရုံလှန့်ရုံ အသံပေးရုံ သရဲမျိုးမဟုတ်ဘူး။ အကောင်အထည်ပြပြီး ကြမ်းရမ်းသတ်ဖြတ်တဲ့ သရဲမျိုး။ အဲဒီရွာကလေးရဲ့ အပြင်ဘက်မှာ ချောင်းကလေးရှိတယ်။ ချောင်းကလေးဘေးမှာ တဲလေးတစ်လုံးရှိတယ်။ အဲဒီတဲလေးမှာ နေတာက ဂေါ်ရခါးလူမျိုး အဘွားကြီးတစ်ယောက်။ အဘွားကြီးက အသီးအနှံတွေ စိုက်၊ ချောင်းထဲ ငါးမျှား၊ တစ်ယောက်တည်း နေထိုင်စားသောက်ရင်း တစ်ရက်မှာတော့ လူ့ဘဝကို စိတ်ကုန်သွားပုံရပြီး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားခဲ့တယ်။ အဘွားကြီး အလောင်းကို ပုပ်ပွနေမှပဲ ရွာကလူတွေ တွေ့သွားကြတယ်။ ကောင်းကောင်းမွန်မွန် မြှုပ်ပေးခဲ့ပေမဲ့ အဘွားကြီးက မကျွတ်မလွတ်ဘူး။ သေပြီးမကြာခင်မှာပဲ ဖြတ်သွားဖြတ်လာ လူတွေကို သရဲမအဖြစ် စ,ခြောက်ပါတော့တယ်။ အကောင်အထည်ပြပြီး ကြမ်းကြမ်းတမ်းတမ်း ခြောက်တဲ့ ဂေါ်ရခါးသရဲမကြီးနဲ့ သရဲမကြောက်တတ်တဲ့ လူတစ်ယောက် ထိပ်တိုက်တိုးတဲ့ ညတစ်ညမှာ ကံဆိုးသူက လူလား … သရဲလား ဆိုတာ ဒီဖြစ်ရပ်မှန် ဇာတ်လမ်းထဲမှာ ဖတ်ရှုခံစားကြည့်ပါဦး။