ခေတ်မီသော ဖုတ်ကောင်

မိုးစွေ

100 Kyats ကျပ်
ကျွန်တော်တို့ လူ့လောကကြီးဟာ တစ်နေ့ထက်တစ်နေ့ ပြောင်းလဲတိုးတက်နေသလိုမျိုးပဲ မမြင်ရတဲ့ ပရလောကကြီးဟာလည်း လူသားတွေ သတိမထားမိတုန်းမှာ တစ်စထက်တစ်စ တိုးတက်လာပြီဆိုတာကို စာဖတ်သူတို့ သတိထားမိပါသလား။ ဒီဇာတ်လမ်းကို ဖတ်ပြီးရင် မယုံတဲ့သူတွေလည်း ရှိမယ်၊ ယုံပြီး အံ့သြသွားသူတွေလည်း ရှိမယ်။ မယုံတဲ့သူတွေအတွက်တော့ ဘဝမှာ တစ်ခါမှ မကြားဖူးတဲ့ ချောက်ချားစရာ ပုံပြင်တစ်ပုဒ် ဖြစ်သွားမှာ သေချာပါတယ်။ ရန်ကုန်မြို့ တစ်နေရာက ခေတ်မီတဲ့ ဖုတ်ကောင်တစ်ကောင်ရဲ့ ဇာတ်လမ်းဟာ စာဖတ်သူတို့ရဲ့ နှလုံးသားကို အံ့သြထိတ်လန့်ဖွယ်၊ တုန်လှုပ်ချောက်ချားဖွယ်၊ စိတ်ဝင်စားဖွယ် ရသတွေ ပေးစွမ်းသွားမှာ သေချာပါတယ်။