ထန်းပင်ညီနောင်

မိုးစွေ

200 Kyats ကျပ်
မြန်မာနိုင်ငံရဲ့ နယ်ဘက်ဒေသတွေမှာ ခေါ်ဝေါ်ကြတဲ့ အသုံးတစ်ခု ရှိပါတယ်။ အဲဒါက သစ်ပင်တွေ နှစ်ပင်သုံးပင် ပူးကပ်ပေါက်နေတဲ့အခါ ထနောင်းပင်ညီနောင်၊ အုန်းပင်ညီအစ်ကို၊ သရက်ပင်မောင်နှမ … စတဲ့ အခေါ်မျိုးပေါ့။ ပုံမှန်အားဖြင့် ဒီလို ညီနောင်အပင်တွေ အားလုံးမှာတော့ ထူးထူးခြားခြား ဖြစ်ရပ်တွေ မရှိတတ်ပေမဲ့ တချို့ အပင်ညီနောင်တွေမှာတော့ ရာဇဝင်ချီတဲ့ ပုံပြင်ဆန်ဆန်ဖြစ်ရပ်တွေ၊ ချောက်ချားထိတ်လန့်စရာ ဒဏ္ဍာရီတွေ ရှိတတ်ကြပါတယ်။ အခု မိတ်ဆက်ပေးမယ့် ဇာတ်လမ်းထဲက ထန်းပင်ညီနောင်ကလည်း အထင်ကရ ဂုဏ်သတင်းကျော်စောတဲ့ ကိစ္စတစ်ခုအဖြစ် ပါဝင်ပါတယ်။ သရဲအခြောက်ကြမ်းတဲ့ ထန်းပင်ညီနောင်၊ ဥစ္စာစောင့်သိုက်နန်းရှိတဲ့ ထန်းပင်ညီနောင်၊ တခြားကမ္ဘာက ရောက်လာတဲ့ ဧည့်သည်တွေရဲ့ တံခါးပေါက်လို့ လူတွေပြောကြတဲ့ ထန်းပင်ညီနောင်။ ဒီလို နာမည်ကြီးမှုတွေနဲ့အတူ ထန်းပင်ညီနောင်ရဲ့ ထူးခြားဆန်းကြယ်မှုတွေဟာ စာဖတ်သူကို ဘယ်လို ဆွဲဆောင်ထားနိုင်မလဲ ? ကဲ … ထန်းပင်ညီနောင် ဘယ်လိုကြမ်းသလဲ၊ ဘယ်လောက်ဆိုးသလဲ၊ ဆက်လက် ဖတ်ရှုကြည့်ပါ မိတ်ဆွေ။