သစ္စာရှင် ခင်ပွန်းသည်

မိုးသားကျူးရင့်

500 Kyats ကျပ်
ကံတရားဆိုတာလည်း ထူးဆန်းတယ်ဗျ။ လူတစ်ယောက်ကို တစ်ခါလောက်ဆုံတွေ့ပေးပြီး စွဲလမ်းစေတယ်။ မေ့မေ့ပျောက်ပျောက်ဖြစ်လောက်ပြီဆိုမှ အဲဒီလူနဲ့ ထပ်ဆုံတွေ့ပေးတယ်။ မြတ်သောမောင် တစ်ယောက်လည်း ဒီလိုပဲ။ မိန်းကလေးတစ်ယောက်ကိုတွေ့ပြီး စွဲလမ်းသွားတယ်။ ဒါပေမဲ့ အချိန်အတော်ကြာတဲ့အထိ သူစွဲလမ်းတဲ့ ကောင်မလေးတွေကို မတွေ့ခဲ့ရဘူး။ မေ့မေ့ပျောက်ပျောက်ရှိလောက်မှ သူ့ဆိုင်ရှေ့မှာ စွဲလမ်းခဲ့ရတဲ့ကောင်မလေးက ဆိုက်ဆိုက်မြိုက်မြိုက်ကြီး မူးပြီးအိပ်ပျော်နေလေရဲ့။ အဲဒါကြောင့် ကံတရားကို ထူးဆန်းတယ်ပြောတာ။ ကောင်မလေးနာမည်က 'သစ္စာရှင်' တဲ့။ ဘယ်လိုဇာတ်လမ်းမျိုးလဲဆိုတာ ကိုယ်တိုင် ဖတ်ကြည့်တော့ဗျို့!