နော်ဝေဂျီယန်ဝုဒ်

မိုးသက်ဟန်

1000 Kyats ကျပ်
ဒီဝတ္ထုဟာ (၁၉၆၀) ခုနှစ်များဆီက ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အခြေခံထားတယ်။ အသက် (၃၇) နှစ်အရွယ် အဓိကဇာတ်ကောင် ‘ဝါတာနာဘီ’ က သူ့ရဲ့ ဆယ်ကျော်သက်အရွယ် ဝါတာနာဘီအဖြစ် ဖြတ်သန်းခဲ့ရတဲ့ လူငယ်ဘဝ အဖြစ်အပျက်တွေကို ပြန်ပြောပြနေပါတယ်။ အထူးသဖြင့်၊ သူရယ် … သူ့သူငယ်ချင်း နာကာဆာဝါ၊ သူနဲ့ ပတ်သက်ခဲ့တဲ့ မိန်းကလေးနှစ်ယောက်ဖြစ်တဲ့ နာအိုကိုနဲ့ မီဒိုရီ။ နာအိုကိုက နားလည်ရခက်တယ်။ လျှို့ဝှက်တယ်။ စိတ်ရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်။ မီဒိုရီကျတော့ နာအိုမှာ မတွေ့ရတဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်တွေ ပိုင်ဆိုင်ထားတယ်။ နောက်တစ်ယောက်က နာအိုကိုရဲ့ အရင်းနှီးဆုံး သူငယ်ချင်း၊ ပီယာနိုတီးတဲ့ ကောင်မလေး ရီကို ... ဒါပဲ။ >>> ဒါဟာ ဝါတာနာဘီရဲ့ ဆယ်ကျော်သက်ဘဝထဲက အရေးပါတဲ့ လူတွေ။ သူ ပတ်သက်ခဲ့သူတွေ။ သူတို့ ကြားထဲက အဖြစ်အပျက်တွေက ကျနော်တို့ ဦးနှောက်ထဲက အတွေးတွေနဲ့ နှလုံးသား စိတ်ခံစားချက်တွေကို တစ်စချင်း ဆွဲထုတ်နေသလိုပဲ။ အထူးသဖြင့်၊ ‘စိတ်ခံစားချက်’ တွေနဲ့ ပတ်သက်တဲ့ အရာမှန်သမျှရဲ့ နက်ရှိုင်းတဲ့ အငွေ့အသက်တွေကို ကျနော်တို့ ထူးထူးဆန်းဆန်း ခံစားရလိမ့်မယ်။ ဒါဟာ၊ အက်ဒမင့်အတွက်တော့ နော်ဝေဂျီယန်ဝုဒ်က ပေးတဲ့ အထင်ရှားဆုံး အရသာပါပဲ။ ✅ No truth can cure the sorrow we feel from losing a loved one. No truth, no sincerity, no strength, no kindness can cure that sorrow. All we can do is see it through to the end and learn something from it, but … “ကိုယ်ချစ်ရတဲ့ လူတစ်ယောက် ဆုံးရှုံးလိုက်ရတာကို ဘယ်အမှန်တရားကမှ ကုစားမပေးနိုင်ဘူး။ ဘယ်ရိုးသားမှု၊ ဘယ်ခွန်အား၊ ဘယ်ကြင်နာမှုကမှ ဝမ်းနည်းပူဆွေးမှုကို ကုစားမပေးနိုင်ဘူး။ လုပ်နိုင်တာက အစအဆုံး မြင်အောင်ကြည့်ပြီး တစ်ခုခုရအောင် သင်ယူဖို့ပါပဲ။ ဒါပေမဲ့ …” (ဟာရုကီမူရာကာမိ) >>> ဂျပန်နိုင်ငံရဲ့ လူနေထိုင်မှု၊ လူငယ်တွေအများစု တွေးကြတဲ့ပုံစံ၊ အချစ်၊ လိင်၊ စိတ်ခံစားချက်၊ မရေရာမှု၊ အသက် ရှင်သန်ခြင်းထဲက အဓိပ္ပါယ်၊ လေးနက်မှု၊ ပေါ့ပျက်ပျက်နိုင်မှု စသဖြင့် အရသာအစုံကို ဒီ ဝတ္ထုထဲကနေ ကျနော်တို့ ရရှိနိုင်တယ်။ ကိုယ့်ဆီက တစ်စုံတစ်ရာကို ဆွဲထုတ်သွားနိုင်တဲ့ ဝတ္ထုတစ်ပုဒ်လို့ သတ်မှတ်နိုင်ပါတယ်။ မူရာကာမိက ဇာတ်ကြောင်းပြောတာ အရမ်းအားကောင်းသူလည်းဖြစ်၊ ကိုမိုးသက်ဟန်ရဲ့ ဘာသာပြန် လက်ရာကလည်း ကျနော်တို့ လူငယ်တွေအတွက် ဖတ်ရတာ ရှင်းလင်းပြေပြစ်တဲ့အတွက် အခုလို အိမ်မှာနေရတဲ့ အချိန်မျိုးမှာ ဘာသာပြန် ဝတ္ထုကောင်း ဖတ်ချင်တယ် ဆိုရင် ဒီစာအုပ်ကိုသာ ကောက်ကိုင်လိုက်ပါလို့ တိုက်တွန်းပါတယ်။